ခွဲခြားမှုတွေကြောင့် စိတ်မပျက်ဖို့ အိုဘားမားပြော

ဓာတ်ပုံ မူပိုင် EPA
Image caption လူနည်းစု အသိုင်းအဝိုင်းကြားမှာ လူမျိုးရေး ခွဲခြားမှု ပြဿနာတွေ ကြုံတွေ့ ခံစား နေရတယ်ဆိုတာ သူ့ အနေနဲ့ နားလည် လက်ခံ ထား

အမေရိကန် နိုင်ငံသား တွေ အနေနဲ့ လူမျိုးရေး တင်းမာ နေမှုတွေကြောင့် စိတ်ပျက် လက်ပျက် ဖြစ်နေတာတွေကို လျော့ချဖို့ သမ္မတ အိုဘားမား က တိုက်တွန်း လိုက်ပါတယ်။

ဒါးလက်စ်မြို့မှာ ပစ်ခတ် တိုက်ခိုက် ခံရလို့ သေဆုံး ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်ပြု အခမ်းအနား ကို တက်ရောက် စဉ်မှာ သမ္မတ အိုဘားမား က လူတွေ အကြားမှာ ခွဲခြားမှုတွေကြောင့် သွေးကွဲ နေပြီလို့ ထင်မြင် ယူဆ နေတာတွေ မှားယွင်းကြောင်း ဒီနေရာကနေ ခိုင်ခိုင်မာမာ ပြသ ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

အမေရိကန် နိုင်ငံ အနေနဲ့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အစဉ်အလာတွေကို အမြဲ ဆန့်ကျင်နေကြဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လူနည်းစု အသိုင်းအဝိုင်းကြားမှာ လူမျိုးရေး ခွဲခြားမှု ပြဿနာတွေ ကြုံတွေ့ ခံစား နေရတယ်ဆိုတာ သူ့ အနေနဲ့ နားလည် လက်ခံ ထားကြောင်း အိုဘားမား က ပြောကြားခဲ့ပါတယ်။

ဒါးလက်စ် မြို့ကို သွားနေစဉ်မှာ လည်း ရဲတပ်ဖွဲ့ ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရတဲ့ လူမည်း အမျိုးသား ၂ ဦးရဲ့ ဆွေမျိုးသားခြင်း တွေဆီကို အိုဘားမား က တယ်လီဖုန်း ခေါ်ဆိုပြီး ဝမ်းနည်း စကား ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ