ထိုင်းမှာ အနှိပ်ခန်းတွေ လိုက်ဖမ်းနေ

Image caption ထိုင်းနိုင်ငံက ခရီးသွားလာရေး မြှင့်တင်ပွဲ

ထိုင်းနိုင်ငံမှာ နာမယ်ကြီး အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာ လုပ်ငန်း တော်တော်များများကို အစိုးရက လိုက်လံ ဖမ်းဆီး နေပါတယ်။

တိုင်းပြည်မှာ အဆင့်ရှိတဲ့ ခရီးသွားလာရေး ၀န်ဆောင်မှု ရှိလာစေချင်တဲ့ အတွက် လိင်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို ပိတ်ပစ်ချင်တယ်လို့ ထိုင်း ဟိုတယ်နဲ့ခရီးသွား ဝန်ကြီး က ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရား၀င် မဟုတ်ပေမယ့် ဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတဲ့ အပေါ် အားလုံးက မျက်စိမှိတ် လက်ခံထားကြတဲ့ အပြင် တိုင်းပြည် စီးပွားရေး အတွက် အရေးပါတဲ့ လုပ်ငန်း တခုဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ