ထိုင်ဝမ် ဘတ်စ်ကား မီးလောင်၊ ၂၆ဦး သေဆုံး

ဓာတ်ပုံ မူပိုင် EPA
Image caption ဘတ်စ်ကားပေါ် လိုက်ပါသွားသူ တရုတ် ခရီးသွား ၂၄ ဦး အပါအဝင် ၂၆ ဦးစလုံး သေဆုံး။

ထိုင်ဝမ်မှာ တရုတ် ခရီးသွားတွေ စီးလာတဲ့ ဘတ်စ်ကား တစ်စီး မီးလောင်ခဲ့လို့ ကားပေါ်ပါသူ ၂၆ ဦးစလုံး သေဆုံး သွားပါတယ်။

တိုင်ပေမြို့ အပြင်ဘက်က အဝေးပြေး လမ်းမပေါ်မှာ လမ်းဘေး အရံအတားကို တိုက်မိပြီး မီးလောင် ခဲ့တာလို့ ထိုင်ဝမ် သတင်းဌာန CNA က ပြောပါတယ်။

ဘတ်စ်ကားပေါ် လိုက်ပါသွားတဲ့ ၂၆ ဦးမှာ တရုတ် ခရီးသွား အဖွဲ့က ၂၄ ဦး၊ ဧည့်လမ်းညွှန် တစ်ဦးနဲ့ ကားဒရိုင်ဘာ တစ်ဦး ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

မီးလောင်ကျွမ်းတာ အလွန် မြန်ဆန်ခဲ့ပြီး ၂၆ ဦးစလုံး သေဆုံးတယ်လို့ ထိုင်ဝမ် အဝေးပြေးလမ်း ရဲတပ်ဖွဲ့ရုံးက အရာရှိ တစ်ဦးက ပြောပါတယ်။

ဒီအမှုကို ထိုင်ဝမ် အရာရှိတွေ စုံစမ်းနေဆဲ ဖြစ်ပြီး ဘတ်စ်ကား တိုက်မိရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ