နီးစ် တိုက်ခိုက်မှု ကျုးလွန်သူ ထရပ်ကား မောင်းသမားမှာ ကြံရာပါ ၅ ဦး ရှိ

_nice_attacks_silence_minute
Image caption တိုက်ခိုက် မှုကို ကျူးလွန်ဖို့ အဲဒီ့ ကြံရာပါ တွေ နဲ့ လ အတန်ကြာ အချိန်ယူပြီး ပြင်ဆင် ခဲ့။

ပြင်သစ် နိုင်ငံ နီးစ်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ် က လူပေါင်း ၈ဝ ကျော်ကို ထရပ်ကား နဲ့ တိုက်သတ် ခဲ့သူ မိုဟာမက် လာဟွေဂျ် ဘူဟဲလ် ဆိုတဲ့ တူနီးရှား လူမျိုး မှာ ကြံရာပါ ၅ ဦး ရှိခဲ့တယ်လို့ ပြင်သစ် အစိုးရ ရှေ့နေ တွေက ပြောပါတယ်။

တိုက်ခိုက် မှုကို ကျူးလွန်ဖို့ အဲဒီ့ ကြံရာပါ တွေ နဲ့ လ အတန်ကြာ အချိန်ယူပြီး ပြင်ဆင် ခဲ့တာကို ပြသနေတဲ့ ဖုံး မှတ်တမ်း တွေ တွေ့ထား ရတယ်လို့လည်း ဆိုပါတယ်။

မိုဟာမက် လာဟွေဂျ် ဘူဟဲလ် ကို ပစ္စတို သေနတ် ပေးခဲ့သူလို့ ယူဆ ထားတဲ့ အယ်လ်ဘေးနီးယား လူမျိုး တစ်ယောက် အပါအဝင် ကြံရာပါ တွေ အဖြစ် စွပ်စွဲ ခံထားရတဲ့ ၅ ဦး ကိုလည်း ရုံး တင် ခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ အချင်းချင်း ကြားထဲ လက်ကိုင်ဖုံး ကနေ တဆင့် စာတွေ အပြန်အလှန် ရေးသား ထားတာ တွေ ထဲ သူတို့ကိုယ် သူတို့ ဘုရားသခင်ရဲ့ စစ်သည်တော် တွေလို့ တင်စား ထားပြီး၊ ပဲရစ် မြို့တော် မှာ ဖြစ်ပေါ် ခဲ့တဲ့ သရော်စာ ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းတိုက် အတိုက်အခိုက် ခံခဲ့ရတဲ့ အပေါ် လည်း ထောင်ခံ ကြောင်း ပြသ နေတဲ့ အရေးအသား တွေ ပါဝင် နေတယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ