ဟောင်ကောင်ကျောင်းသားခေါင်းဆောင် တရားရုံးတင်

wong ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝ၁၄ ဟောင်ကောင် ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေ

တရားဝင် ခွင့်ပြုချက်မရဘဲ လူစုဝေးမှုမှာ ပါဝင်တယ်ဆိုပြီး ဟောင်ကောင် ကျောင်းသား ခေါင်းဆောင် တယောက်ကို တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

ဂျိုရှူဝါ ဝေါင်း အမှုကိုနောက်လထဲမှာ စီရင်ချက်ချမှာပါ။

သူနဲ့ အတူ အယ်လက်စ် ချောင်း၊ နေသန် လော တို့ကို ၂ဝ၁၄ ခုနှစ်စက်တင်ဘာလ ၂၆ ရက်က အစိုးရရုံးတွေထဲ ကျော်တက် ဝင်ရောက်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကျော်တက် ဝင်ရောက်မှု နောက်ပိုင်း ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ အကြာကြီး ဖြစ်ပွားခဲ့ပါတယ် ။

၁၉ နှစ်သား ဂျိုရှူဝါ ဝေါင်းက စီရင်ချက် အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ဖို့ ရေရှည် ဆင်နွှဲသွားရမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ