ဗန်ဂိုး နားရွက် ပေးလိုက်သူကိုသိပြီ

van gogh ဓာတ်ပုံ မူပိုင် w
Image caption ဒတ်ချ် ပန်းချီကျော် ဗင်းဆင့် ဗန်ဂိုး

ကမ္ဘာကျော် ဒတ်ချ် ပန်းချီ ဆရာ ဗင်းဆင့် ဗန်ဂိုး သူ့နားရွက်ကို ဖြတ် ပေးလိုက်တဲ့ အမျိုးသမီးငယ်ကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။

Gabrielle Berlatier ဆိုတဲ့ လယ်သမားတယောက်ရဲ့ သမီးကို ဗန်ဂိုးက သူ့နားရွက် ပေးခဲ့တာလို့ အနုပညာ သတင်းစာက ခြေရာခံနိုင်ခဲ့ပါတယ်။

ဗန်ဂိုးက သူ့နားရွက် တစိတ်တပိုင်း မဟုတ်ဘဲ တခုလုံး ဖြတ်ခဲ့တာဆိုတဲ့ ယူဆချက်တွေ ထွက်လာပြီးနောက် ဒီမိန်းကလေး နာမည်ကို ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်း အရင်ပတ်က ထွက်လာတဲ့ ဗန်ဂိုး အကြောင်း စာအုပ်မှာ ပါလာပါတယ်။

Gabrielle ပြည့်တန်ဆာ အိမ် တခုမှာ လုပ်နေတုန်း ဒီထူးဆန်းတဲ့ လက်ဆောင် ပစ္စည်း ရခဲ့တာ လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ