ဘင်္ဂလားဒေ့ရှ် ကလေးအလုပ်သမား တစ်ဦး အသတ်ခံရ

Image caption ကလေး ရဲ့ စအို ထဲကို လေပိုက် ထည့်သွင်းပြီး လေမှုတ်စက်ကို နှိုး ခဲ့တဲ့ အတွက် ကလေးငယ်ဟာ ကွယ်လွန် ခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ချည်မျှင် စက်ရုံမှာ အလုပ်လုပ် နေတဲ့ ကလေး တစ်ယောက်ကို သတ်ဖြတ်မှု နဲ့ စက်ရုံ ဝန်ထမ်း တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ခဲ့ပါတယ်။

ချည်မျှင် စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ ဆယ်နှစ် အရွယ် ကလေး ရဲ့ စအို ထဲကို လေပိုက် ထည့်သွင်းပြီး လေမှုတ်စက်ကို နှိုး ခဲ့တဲ့ အတွက် ကလေးငယ်ဟာ ကွယ်လွန် ခဲ့ရတာ ဖြစ်ပါတယ်။

စက်ရုံ ဝန်ထမ်းက အလုပ်သမား ကလေးငယ် ကို ဘာကြောင့် တိုက်ခိုက်ခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်း ကိုတော့ သေသေချာချာ မသိရသေးပါဘူး။

နရာယန်းဂါဂျီ ဒေသက ချည်မျှင်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ကလေး ရဲ့ မိဘတွေ က ရဲတပ်ဖွဲ့ထံကို တိုင်ကြား ခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ် သေဆုံးမှု နဲ့ ပတ်သက်ပြီး စက်ရုံ ဝန်ထမ်းတွေ နဲ့ အုပ်ချုပ်ရေးရုံး ဝန်ထမ်းတွေကို စစ်ဆေးမေးမြန်း မှုတွေ လုပ်နေကြောင်း ရဲအရာရှိ တစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်း ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကားစက်ပြင် ရုံ တစ်ခုမှာ အလားတူ အမှုမျိုး ဖြစ်ပွား ခဲ့ရတာကြောင့် ကလေး အလုပ်သမားတွေ ကို ကာကွယ် ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ