အဲန်းစ်ဘာ့ခ်မှာ အသေခံ ဖောက်ခွဲခဲ့သူဟာ IS သစ္စာခံ ဖြစ်

germany_attack_
Image caption အသေခံ ဖောက်ခွဲ ခဲ့သူကို မိုဟာမက်ဒ် ဒီ ဆိုပြီး နာမည် အတို ကောက်သာ ဂျာမနီ အာဏာပိုင် တွေက ထုတ်ပြန် ထား။

ဂျာမနီ နိုင်ငံ အဲန်းစ်ဘာ့ခ် မြို့မှာ ဂီတပွဲ ကျင်းပနေရာ အပြင်ဘက် အသေခံ ဗုံးခွဲခဲ့တဲ့ ဆီးရီးယား လူမျိုး ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ခေါင်းဆောင် အပေါ် သစ္စာခံကြောင်း ထွက်ဆို ထားတဲ့ ဗီဒီယို ရိုက်ကူး ထားတယ် လို့ ဂျာမန် အာဏာပိုင် တွေက ပြောပါတယ်။

အဲဒီ့ ဆီးရီးယား လူမျိုးကို မိုဟာမက်ဒ် ဒီ ဆိုပြီး နာမည် အတို ကောက်သာ ဂျာမနီ အာဏာပိုင် တွေက ထုတ်ပြန် ထားပါတယ်။

သူ နေထိုင်ရာ နေရာ ကနေ သိမ်းဆည်း ရမိ ထားတဲ့ မိုဘိုင်း လက်ကိုင်ဖုန်း ထဲ သူရိုက်ကူး ခဲ့တဲ့ ဗီဒီယို တွေ့ရ တယ်လို့ ဘာဗားရီးယား ပြည်နယ် ပြည်ထဲရေး ဝန်ကြီး ယိုအာခင်မ် ဟာမန် က ပြောပါတယ်။

မိုဟာမက်ဒ် ဒီ ဟာ ဂျာမနီ နိုင်ငံထဲ ခိုလှုံခွင့် လျှောက်ထားမှု ငြင်းပယ် ခံထားရပြီး၊ လွန်ခဲ့တဲ့ ၂ နှစ်က သူ ဂျာမနီ ထဲ ဝင် လာခဲ့ရာ ဘူလ်ဂေးရီးယား နိုင်ငံဘက်ဆီ ဂျာမနီ အစိုးရက ပြန်လည် နှင်ထုတ်ဖို့ စီစဉ် ထားသူ ဖြစ်ပါတယ်။

အဲန်းစ်ဘာ့ခ် မြို့ ဗုံးကွဲ မှု အတွင်း အဆိုပါ မိုဟာမက်ဒ် ဒီ သေဆုံး ခဲ့ပြီး၊ တခြားသူ ၁၅ ဦး ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

IS အဖွဲ့ က တော့ ဒီ တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ် ဆိုပြီး ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ