ကာဒစ်ရှ် မြို့ထဲ IS ဗုံးခွဲ၊ ၄၄ ဦးကျော် သေဆုံး

ဓာတ်ပုံ မူပိုင် SANA
Image caption ပေါက်ကွဲအား ပြင်းထန်ပြီး အပျက်အစီး များပြားခဲ့။

ဆီးရီးယား အရှေ့မြောက်ပိုင်းက ကာဒစ်ရှ်တွေ ထိန်းချုပ်ရာ ကာမီရှလီ မြို့မှာ အင်းအားပြင်း ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့လို့ အနည်းဆုံး ၄၄ ဦး သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

ကာဒစ်ရှ် တပ်ဖွဲ့ ဌာနချုပ် အဆောက်အဦးတွေ အနီးမှာ ဗုံးပါတဲ့ ထရပ်ကား တစ်စီးက ဖောက်ခွဲ တိုက်ခိုက် ခဲ့တာလို့ ဆီးရီးယား အရေး စောင့်ကြည့်တဲ့ ယူကေ အခြေစိုက် အဖွဲ့က ပြောပါတယ်။

အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့က ဒီ တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်းထန်တဲ့ ပေါက်ကွဲအားကြောင့် မီးခိုးတွေနဲ့ အတူ အဆောက်အဦးတွေ ပြိုကျ နေတာကို သတင်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

အရင်ကလည်း ဒီနယ်မြေ အတွင်းမှာ ကာဒစ်ရှ် တွေကို IS အဖွဲ့က ဗုံးခွဲ တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးပါတယ်။

ဆီးရီးယား မြောက်ပိုင်းမှာ ကာဒစ်ရှ်တွေ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက အမေရိကန် လေကြောင်း ပစ်ကူတွေနဲ့ အတူ IS အဖွဲ့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ