အလက်ပို ကလူတွေ ထွက်ခွာဖို့ ရုရှနဲ့ ဆီးရီးယား စစ်တပ် ညှိနှိုင်း

ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန်တွေကိုလည်း ထွက်ခွာခွင့် ပေးမယ် ဆိုပြီး ရုရှား ကာကွယ်ရေး ၀န်ကြီးက ဆာဂေး ရှိုဂူ က ပြော

ဆီးရီးယား နိုင်ငံ အလက်ပိုမြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေ ထွက်ခွာနိုင်ဖို့နဲ့ သူတို့အတွက် လူမှုကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ဖို့ ဆီးရီးယား စစ်တပ်နဲ့ ညှိနှိုင်းနေတယ်လို့ ရုရှားက ပြောပါတယ်။

သူပုန်တွေကိုလည်း ထွက်ခွာခွင့် ပေးမယ် ဆိုပြီး ရုရှား ကာကွယ်ရေး ၀န်ကြီးက ဆာဂေး ရှိုဂူ က ပြောပါတယ်။

ဆီးရီးယားမှာ အခြေအနေတွေက တော်တော့်ကို ဆိုးရွား နေကြောင်း ဒေသခံ တစ်ဉီး က ဘီဘီစီကို ပြောပါတယ်။

သူပုန်တွေ ထိန်းချုပ်ရာ အလက်ပိုမြို့ အရှေ့ကို သွားတဲ့ ထောက်ပို့လမ်းကြောင်းတွေ အကုန်လုံးကို ဖြတ်တောက်လိုက်ပြီလို့ ဆီးရီးယား စစ်တပ်က ပြောကြားခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆီးရီးယား အရေး ဆိုင်ရာ ကုလသမဂ္ဂ သံတမန် ကတော့ အခု ရုရှားလုပ်ဆောင်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ သူ့ကို တိုင်ပင်တာမရှိခဲ့ဘူး လို့ ဆိုပြီး ဒါနဲ့ ပတ်သက်လို့ ဝေဖန်ချက် ပေးဖို့ စောလွန်းသေးတယ်လို့ ပြောပါတယ်။

အလက်ပိုမြို့ အရှေ့ပိုင်းမှာ အရပ်သား သုံးသိန်းလောက် ပိတ်မိနေပြီး အဲဒီမှာ ရုရှားနဲ့ ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ