ဆီးရီးယားမှာ ရုရှ ရဟတ်ယာဉ် ပစ်ချခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှ သယ်ယူပို့ဆောင်ရေး စစ် ရဟတ်ယာဉ် ကို ဆီးရီးယား အစိုးရ ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အဖွဲ့က ပစ်ချ ခဲ့

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ စစ်ရေး တာဝန် ထမ်းဆောင် နေတဲ့ ရုရှ စစ်ရဟတ်ယာဉ် တစ်စင်း ပစ်ချ ခံခဲ့ရပြီး လိုက်ပါလာတဲ့ စစ်သား ၅ ယောက် သေဆုံး ခဲ့ပါတယ်။

Mi-8 ရုရှ သယ်ယူပို့ဆောင်ရေး စစ် ရဟတ်ယာဉ် ကို ဆီးရီးယား အစိုးရ ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အဖွဲ့က ပစ်ချ ခဲ့တာပါ။

အလက်ပို မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် ဆေးဝါး ပစ္စည်းတွေ သွားရောက် ပေးပို့ ခဲ့ပြီး ပြန်လာတဲ့ အချိန်မှာ ပစ်ချ ခံရတာလို့ ရုရှ တာဝန် ရှိသူ တွေက ပြောပါတယ်။

ဆီးရီးယား မှာ ရှိတဲ့ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေ ထဲက ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ