ရုရှား စစ်ဘက်သုံး ပို့ဆောင်ရေး ရဟတ်ယာဉ် ဆီးရီးယားထဲ ပစ်ချခံရ

helicopter_russia
Image caption အယ်လ်-နူစရာ တပ်ဦး အဖွဲ့ ထိန်းချုပ် နယ်မြေ အနီး မြေပြင်က ပစ်ခတ်တာ ခံခဲ့ရတာ ဖြစ်။

ဆီးရီးယား သူပုန်တွေက ရုရှား စစ်ဘက်သုံး ပို့ဆောင်ရေး ရဟတ်ယာဉ်ကို ပစ်ချခဲ့လို့ လိုက်ပါ သွားကြတဲ့ လူ ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။

အလက်ပ်ပိုမြို့ ကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင် ပေးနေတဲ့ ရဟတ်ယာဉ် ဟာ အခြေစိုက် စခန်း ရှိရာဆီ အပြန်၊ အစ်ဒ်လစ်ဘ် ပြည်နယ်ထဲ ပစ်ချ ခံခဲ့ရတာ ဖြစ်တယ်လို့ ရုရှား တာဝန်ရှိသူ တွေက ပြောပါတယ်။

အယ်လ်-နူစရာ တပ်ဦး အဖွဲ့ ထိန်းချုပ် နယ်မြေ အနီး၊ မြေပြင်က ပစ်ခတ်တာ ခံခဲ့ရတာ ဖြစ်တယ် ဆိုပြီး ရုရှား စစ်ဗိုလ်ချုပ် တစ်ဦးက ပြောပါတယ်။

အွန်လိုင်းပေါ် ရောက်လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို တွေထဲ မီးလောင် နေတဲ့ ရဟတ်ယာဉ် အပျက်အစီး အပိုင်းအစ တွေ နဲ့ လူသေ အလောင်း တချို့ကို တွေ့ နေရပါတယ်။

ဒါဟာ ဆီးရီးယား နိုင်ငံထဲ ရုရှား တပ်ဖွဲ့ အသေအပျောက် အများဆုံး တိုက်ခိုက် ခံလိုက် ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ