ရီယို အိုလံပစ် ရုရှ ပထမဆုံး ရွှေတံဆိပ် ရ

viet ဓာတ်ပုံ မူပိုင် getty
Image caption ဗီယက်နမ် အတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ်

ရီယိုဒီဂျနေယို အိုလံပစ် ပထမဆုံး နေ့မှာပဲ ရုရှက ပထမဆုံး ရွှေတံဆိပ် ရခဲ့ပါတယ်။ Beslan Mudranov က ကီလို ၆ဝ တန်း ဂျူဒို မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား စက်ဘီးစီးမှာတော့ ဘယ်လ်ဂျီယံက Greg Van Avermaet က အကြိတ်အနယ်နဲ့ ရွှေတံဆိပ်ရပါတယ်။

ဗီယက်နမ်ကလည်း ဆယ်မီတာ လေသေနတ်ပစ် ပြိုင်ပွဲမှာ သူ့အတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

အမျိုးသား အဖွဲ့လိုက် မြားပစ်မှာတော့ တောင်ကိုရီးယားက အမေရိကန်ကို ကျော်ပြီး ရွှေတံဆိပ်ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ap
Image caption ရီယို ရောက် မြန်မာ အိုလံပစ် အဖွဲ့
မြန်မာ အဖွဲ့

မြန်မာနိုင်ငံက ရဲထွန်းနောင် ဝင်ပြိုင်နေတဲ့ ၁၀ မီတာ လေသေနတ် ပစ္စတို ပြိုင်ပွဲမှာ ဗီယက်နမ်က ရွှေ၊ တောင်အာဖရိကက ငွေ၊ တရုတ်က ကြေးရသွားပြီး ပြိုင်ပွဲဝင် ၄၆ ယောက်မှာ ရဲထွန်းနောင်က အဆင့် ၃၃ ရခဲ့ပါတယ်။

ရဲထွန်းနောင်ဟာ ၅ မီတာ အလွတ် ပစ္စတိုပြိုင်ပွဲလည်း ဝင်ဦးမှာ ဖြစ်ပါတယ်။

သောကြာနေ့က စ ယှဉ်ပြိုင်ခဲ့တဲ့ မြားပစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်မှာ မြန်မာက စန်းယုထွေးက ၆ဝ၈ မှတ်နဲ့ ပြိုင်ပွဲဝင် ၆၄ ယောက်မှာ အဆင့် ၅၁ ရခဲ့ပါတယ်။

မြန်မာက ရေကူးနဲ့ ပြေးခုန်ပစ်အပါအဝင် အားကစားနည်း ၄ မျိုးမှာ ခြောက်ယောက် ဝင်ပြိုင်နေတာ ဖြစ်ပါတယ်။

ဘောလုံးပြိုင်ပွဲ အမျိုးသမီးပွဲတွေမှာ အမေရိကန်က ပြင်သစ်ကို တဂိုးဂိုးမရှိ၊ ကနေဒါက ဇင်ဘာဘွေကို ၃ ဂိုး ၁ ဂိုး၊ သြစတြေးလျက ဂျာမနီကို ၂ ဂိုးနဲ့ ဦးဆောင်နေပြီးမှ ဂိုးတွေ ပြန်ပေးလိုက်ရပြီး ၂ ဂိုးစီသရေကျခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ အမျိုးသားဘောလုံးပွဲတွေမှာ ဂျာမနီနဲ့ တောင်ကိုရီးယား၊ အာဂျင်တီးနားနဲ့ အယ်လ်ဂျီးရီးယား၊ ဆွီဒင်နဲ့ နိုင်ဂျီးရီးယားတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ