မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ မှာ ရုရှပိတ်ပင်ခံရ

_paralympics ဓာတ်ပုံ မူပိုင် AP
Image caption မသန်စွမ်း အိုလံပစ် အလံ

နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ အိုင်ပီစီ မှ ရုရှ မသန်စွမ်း အားကစား အဖွဲ့ ကို စက်တင်ဘာလ ၇ ရက်နေ့ မှာ ရီယိုမြို့တော် မှာ ကျင်းပမဲ့ မသန်စွမ်း အိုလံပစ် ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ် ပြိုင်ခွင့် ပိတ်ပင် လိုက်တဲ့ အကြောင်း နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ ဥက္ကဌ ဆာဖီးလစ် ကရေဗင် က မနေ့ က ကျင်းပတဲ့ သတင်းစာ ရှင်းလင်း ပွဲ မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ရုရှ အစိုးရ ဟာ သူ့နိုင်ငံ ရဲ့ မသန်စွမ်း အားကစား သမားတွေ အပေါ်မှာ ကြီးမားလှတဲ့ ကပ်ဘေးကြီး ဆိုက်ရောက်အောင် ပြုလုပ် လိုက်တယ် လို့ ယုံကြည် တဲ့ အကြောင်း၊ ကိုယ်ကျင့်တရားထက် ဆုတံဆိပ် ကို ဦးစား ပေးတာကို သူ့ အနေနဲ့ မနှစ်မြို့ တဲ့ အကြောင်း နဲ့ တားမြစ်ဆေး သုံးစွဲစေတဲ့ စနစ် ကြီးဟာ မသန်စွမ်း အားကစား သမားတွေ ရဲ့ စိတ်ဓါတ် ကိုရိုက်ချိုး ပစ်လိုက်ခြင်း သာ ဖြစ်တယ် လို့ နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ ဥက္ကဌ ဆာဖီးလစ် ကရေဗင် ကပြောခဲ့တာပါ။

ဒါပေမဲ့ ရုရှ အားကစား ဝန်ကြီး ဗီတာလီ မွတ်ရှ်ကို ကတော့ နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ ရဲ့ ဆုံးဖြတ်ချက် ကို ရှုံ့ချလိုက်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက် ဟာ ဘယ် အချက် တွေ ပေါ်မှာ မူတည် တာလည်း ဆိုတာ ကို ဖတ်ကြည့် လိုပုံ၊ သူ နားလည်သလို ပြောရရင် လုံးဝ အခြေအမြစ် မရှိလို့ လက်မခံ နိုင် ဘူး လို့ ဆိုသလို၊ ရုရှ အစိုးရ အနေနဲ့ လည်း ရုရှ မသန်စွမ်း ကော်မတီ ဘက်က ရပ်တည်ပြီး အယူခံ ဝင်မယ် လို့ ပြောပါတယ်။

အမေရိကန် က တားမြစ်ဆေး ဆန့်ကျင်တဲ့ အေဂျင်စီ နဲ့ ဗြိတိသျှ မသန်စွမ်း အိုလံပစ် အဖွဲ့ ကလည်း အိုင်ပီစီ ဟာ ရဲဝံ့တဲ့ ဆုံးဖြတ်ချက် ကို ပိုင်ပိုင်နိုင်နိုင် ချပြလိုက်ပြီး အားကစား စိတ်ဓါတ် နဲ့ အပြည့်အဝ ယှဉ်ပြိုင် ကြမဲ့ မသန်စွမ်း အားကစား သမားတွေ ဘက် မှာ မားမားမတ်မတ် ရပ်တည်ပြလိုက်တာကို ချီးကျူးစကား ပြောလိုက်ကြပါတယ်။