အလက်ပိုမြို့ သူပုန်တွေကို အပြင်းအထန် လေကြောင်း တိုက်ခိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပိုမြို့ တမြို့လုံးကို ပြန်သိမ်းနိုင်ဖို့ သူပုန် တပ်သားတွေ ထပ်တိုးသွားမယ်လို့ သူပုန် ညွန့်ပေါင်းအဖွဲ့က ပြော။

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ ဧရိယာအချို့ ပြန်ရလာပြီ ဆိုတဲ့ သူပုန်အဖွဲ့တွေ အပေါ် ဆီးရီးယား အစိုးရက လေကြောင်း ကနေ အပြင်းအထန် တိုက်ခိုက် နေပါတယ်။

အလက်ပိုမြို့ အနောက်တောင်ပိုင်းက သူပုန် ပစ်မှတ်တွေအပေါ် တိုက်လေယာဉ်တွေ ဗုံးကြဲနေတဲ့ ဗီဒီယိုကို ဆီးရီးယား အစိုးရက ထုတ်ပြန် ခဲ့ပါတယ်။

အစိုးရ တပ်တွေက အလက်ပိုမြို့ကို သီတင်းပတ် အတော်ကြာ ထိန်းချုပ် ထားရာကနေ ဖောက်ထွက် နိုင်ခဲ့တယ်လို့ သူပုန်တွေက အစောပိုင်းက ပြောပါတယ်။ ဒါပေမယ့် ဆီးရီးယား အစိုးရကတော့ ဒါကို ငြင်းဆန်ခဲ့ပါတယ်။

အစိုးရက ပိတ်ဆို့ထားတဲ့ အလက်ပိုမြို့ ဧရိယာတွေမှာ နေထိုင်သူ ၂ သိန်းခွဲလောက် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား အစိုးရနဲ့ သူပုန် နှစ်ဘက် စလုံးက တပ်ကူတွေ အလက်ပိုမြို့ကို ပို့လိုက်တယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ