ကနေဒါမှာ အသေခံ တိုက်မယ့်သူကို သတ်ဖြတ်

canada ဓာတ်ပုံ မူပိုင် Reuters
Image caption အဲရွန် ဒရိုင်ဘာ ဖောက်ခွဲမှုကြီးကို ကြံစည်ခဲ့

ကနေဒါ နိုင်ငံမှာ မြို့ပေါ်က လူစည်ကားတဲ့ နေရာ တခုမှာ အသေခံ တိုက်ခိုက်မယ့် အကြံအစည် ပျက်အောင် အမေရိကန် FBI ထောက်လှမ်းရေးက သူတို့ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အဲရွန် ဒရိုင်ဘာ ဆိုတဲ့ ၂၄ နှစ် အရွယ် လူငယ်ကို အိမ်လုပ်ဗုံးနဲ့ ဖောက်ခွဲရေး မလုပ်ခင်မှာ ရဲက ပစ်သတ်နိုင်ခဲ့ပါတယ်။

ဒီလူငယ်က အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကို သစ္စာခံကြဖို့ ဗီဒီယိုကနေ မသေမီ အမှာစကား ပါးခဲ့ပါတယ်။

FBI က ဒီဗီဒီယိုကို ဖမ်းယူပြီး ကနေဒါဘက်ကို ပို့ရာကနေ တိုက်ခိုက်မယ့်သူကို ခြေရာခံနိုင်ခဲ့တာပါ။

အဲရွန် ဒရိုင်ဘာ ဟာ အရင်ကလည်း ဖမ်းခံခဲ့ရဖူးပြီး အစွန်းရောက် တွေနဲ့ မပေါင်းသင်းဖို့ သူ့ကို ကန့်သတ် ပိတ်ပင်ခံရဖူးတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ