ဒေလီမှာ ယာဉ်တိုက်ခံရသူ မသေခင် အလုခံရ

ဓာတ်ပုံ မူပိုင် CCTV
Image caption ယာဉ်တိုက်ခံရသူ ကူမယ့်သူ မရှိဘဲ ဒဏ်ရာ အပြင်းအထန်နဲ့ လဲနေတာကို စီစီတီဗီမှာ တွေ့ရ။

အိန္ဒိယနိုင်ငံ၊ မြို့တော် ဒေလီက အသွားအလာ များတဲ့ လမ်းဘေးမှာ ကားတိုက် ခံရတဲ့ လူတစ်ယောက် တစ်နာရီကျော် ကြာအောင် ကူမယ့်သူ မရှိခဲ့လို့ သွေးထွက်လွန်ပြီး သေဆုံးခဲ့ရကာ အဲဒီလူဆီက ပစ္စည်းပါ အလုခံခဲ့ရတယ်လို့ ဒေလီ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလူဟာ ညဆိုင်း အလုပ်အပြီး အိမ်ပြန်စဉ် သူ့ကို ဗင်ကား တစ်စီးက တိုက်သွားခဲ့တာလို့ သတင်းတွေက ပြောပါတယ်။

ဖြတ်သွားတဲ့ ကားတွေကလည်း သူ့ကို မကူခဲ့တဲ့အပြင် နောက်ဆုံးမှာ လူတစ်ယောက် ရောက်လာပြီး သူ့ဆီက မိုဘိုင်းဖုန်း ယူသွားတာကို စီစီတီဗီ မှတ်တမ်းမှာ တွေ့ရပါတယ်။

အင်တာနက်ပေါ်မှာ ပြန့်သွားတဲ့ အဲဒီ မှတ်တမ်း ဗီဒီယိုက ခေတ်သစ် အိန္ဒိယရဲ့ စံနှုန်းတန်ဖိုးတွေ၊ စာနာ ရိုင်းပင်းမှုတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေကို ပေါ်ပေါက် စေခဲ့ပါတယ်။

ဒေလီ ဝန်ကြီး တစ်ဦးကတော့ နောက်နောင်မှာ ယာဉ်တိုက် ခံရသူတွေကို ဖြတ်သွား ဖြတ်လာတွေက ကူညီချင်လာအောင် မက်လုံးပေးမယ့် အစီအစဉ် တစ်ခုကို ပြင်ဆင် နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ