ရိုမေးနီးယားရဲ့ နန်းမစံရတဲ့ မိဘုရား ကွယ်လွန်

romania ဓာတ်ပုံ မူပိုင် AFP
Image caption နန်းတော်မှာ ထားရှိတဲ့ ရုပ်အလောင်းကို တန်းစီ ဂါရဝပြု

ရိုမေးနီးယား နိုင်ငံက နန်းကျ မိဘုရားကြီးရဲ့ စျာပနကို လူရာနဲ့ချီ တက်ရောက် ခဲ့ကြပါတယ်။

ဘူခါရက်စ် မြို့တော်က နန်းတော်မှာ ဒီစျာပန အခမ်းအနားကို ကျင်းပခဲ့တာပါ။

အန်း မိဘုရားကြီးက အသက် ၉၂ နှစ် အရွယ်မှာ ဆွစ်ဇာလန်မှာ ကွယ်လွန်ခဲ့ပါတယ်။

၁၉၄၇ က ရိုမေးနီးယား ဘုရင် မိုက်ကယ်ကို ကွန်မြူနစ်တွေ နန်းချလို့ နိုင်ငံက ထွက်ပြေးခဲ့ပြီးနောက်မှ သူနဲ့ ဘုရင်ဟောင်းတို့ လက်ထပ်ခဲ့တာပါ။

ဒီနောက် သူတို့ နိုင်ငံကို အနှစ် ၄ဝ ကျော် ပြန်လို့မရ ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ကလာပ်ကို မြှုပ်နှံမယ့် ရိုမေးနီးယား အလယ်ပိုင်းက မြို့လေးမှာ ရာနဲ့ချီတဲ့ ပြည်သူတွေ စုဝေးခဲ့ကြပါတယ်။

မကြာခင်က ကောက်ခဲ့တဲ့ စစ်တမ်းတွေ အရ ရိုမေးနီးယားမှာ ပြည်သူတွေက လက်ရှိ ခေါင်းဆောင်တွေထက် တော်ဝင် မိသားစုတွေကို ပိုပြီး လိုလားတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း ဘုရင်စနစ် ပြန်အသက်သွင်းဖို့ ကိုတော့ သူတို့ ဘယ်တော့မှ လေးလေးနက်နက် မစဉ်းစားခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ