မန်ဘစ် မြို့ခံတွေ IS လက်ကနေ ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် Reuters
Image caption IS လက်နက်ကိုင်တွေ အဓမ္မ ထားခိုင်းခဲ့တဲ့ မုတ်ဆိပ် ကျင်စွယ်တွေကို မန်ဘစ်ဂျ် မြို့ခံ အမျိုးသားတွေ ပြန်ရိတ်ခဲ့ကြ

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ IS အစ္စလာမစ်နိုင်ငံ လက်နက်ကိုင်တွေရဲ့ ဓါးစာခံအဖြစ် ထိန်းသိမ်း ခံခဲ့ရသူ မန်ဘစ် မြို့ခံ ၂ထောင် အခုအခါ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

အမေရိကန် ထောက်ခံတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့က မန်ဘစ်မြို့ကို မနေ့က သိမ်းပိုက်ခဲ့ရာမှာ IS လက်နက်ကိုင်တွေက မြို့ခံတွေ ခြံရံပြီး ထွက်ပြေးသွားခဲ့ကြတာပါ။

အတော်များများကို ဓါးစာခံအဖြစ် ဖမ်းသွားခဲ့တာ ဖြစ်ပေမယ့် တချို့ကတော့ IS လက်နက်ကိုင်တွေနဲ့ ဆက်နွယ်နေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် သွားတာလို့ ယူဆရပါတယ်။

IS လက်နက်ကိုင်တွေ ထွက်သွားတဲ့ မန်ဘစ်မြို့မှာ မြို့ခံတွေက အောင်ပွဲ ဆင်နွဲနေကြပါတယ်။

အမျိုးသားတွေက IS လက်နက်ကိုင်တွေ အဓမ္မ ထားခိုင်းခဲ့တဲ့ မုတ်ဆိတ် ကျင်စွယ်တွေကို ပြန်ရိတ်ခဲ့ကြပြီး အမျိုးသမီး တချို့ကလည်း ခေါင်းမြီးခြုံ ပုဝါတွေကို မီးတင်ရှို့ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ