မီဝေါ့ကီး ပစ်ခတ်မှု ရဲတပ်ဖွဲ့ ကာကွယ် ပြောဆို

ဓာတ်ပုံ မူပိုင် Getty
Image caption ဓါတ်ဆီ ဆိုင် တွေ နဲ့ အခြား စီးပွားရေး ဆိုင်ရာ အဆောက် အဦ တွေကို မီးရှို့ ဖျက်ဆီး မှုတွေ ဖြစ်ပေါ် ခဲ့

သြဂုတ်လ ၁၃ ရက်နေ့က အမေရိကန် မီဝေါ့ကီး မြို့မှာ ဆန္ဒပြ နေတဲ့ လူတွေ နဲ့ ရဲတပ်ဖွဲ့ တို့ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ အမျိုးသား အစောင့်တပ် ကို ပြည်နယ် အုပ်ချုပ်ရေးမှူး က ဆင့်ခေါ် ထားပါတယ်။

စနေနေ့က ဖြစ်ပျက် ခဲ့တာတွေက စုံစမ်းစစ်ဆေး ပြီး အရေးယူမှုတွေ လုပ်ရမှာ ဖြစ်ပြီး ဒီကိစ္စ နဲ့ ပတ်သက်လို့ အကြမ်းဖက်တာတွေကို လက်ခံ နိုင်စရာ မရှိဘူးလို့ အုပ်ချုပ်ရေးမှူး စကော့ ဝေါ့ကာလ် က ပြောကြားပါတယ်။

လောလောဆယ်မှာ ဥပဒေ ဘက်တော်သားတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင် ရမယ်လို့လည်း သူက ဆိုပါတယ်။

ဆန္ဒပြပွဲ အတွင်း သေနတ် ကိုင်ဆောင် ထားတယ်လို့ သံသယ ရှိသူ အသက် ၂၃ နှစ် အရွယ် လူမည်း အမျိုးသား တစ်ယောက် ကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး ခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ် ခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် ဖမ်းဆီးမှုကို ခံရသူ က ရဲမှတ်တမ်းဝင် ဖြစ်ပြီး ဖမ်းဆီး ခဲ့ချိန်မှာ သေနတ် ကိုင်ဆောင် ထားတယ်လို့ ဝစ်ကွန်စင် ပြည်နယ် ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဓါတ်ဆီ ဆိုင် တွေ နဲ့ အခြား စီးပွားရေး ဆိုင်ရာ အဆောက် အဦ တွေကို မီးရှို့ ဖျက်ဆီး မှုတွေ ဖြစ်ပေါ် ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဦးတည်ပြီး ပစ်ခတ်မှုတွေလည်း ဖြစ်ပွား ခဲ့ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ တနင်္ဂနွေ နေ့မှာတော့ အခြေအနေက ငြိမ်သက် ခဲ့ပြီး မီဝေါ့ကီး မြို့က လူမည်း တွေ ရဲ့ ဖိနှိပ်ခံရမှု ကို ဆန္ဒပြပွဲ တွေနဲ့ ဖော်ပြ နေတာ ဖြစ်တယ်လို့ မြို့နယ် ကောင်စီဝင် တစ်ဦး က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ