ချီဘော့ မိန်းကလေးငယ်တွေရဲ့ ဗီဒီယိုသစ် ထွက်ပေါ်လာ

chibok_girls ဓာတ်ပုံ မူပိုင် Boko Haram
Image caption အစိုးရတပ် ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေဟာ ဓားစာခံ အမျိုးသမီးတွေကို ထိခိုက် စေတယ်။

နိုင်ဂျီးယား နိုင်ငံ မြောက်ပိုင်းမြို့ဖြစ်တဲ့ ချီဘော့ခ် ကနေ လွန်ခဲ့တဲ့ ၂ ကျော်က ဖမ်းဆီး ခေါ်ဆောင် သွားခံ ခဲ့ရတဲ့ ကျောင်းသူ တွေ ထဲက တချို့ကို ရိုက်ကူး ပြထားတဲ့ ဗီဒီယို ထွက်ပေါ် လာပါတယ်။

ကျောင်းသူတွေကို ဖမ်းခေါ် သွားခဲ့တဲ့ ဘိုကိုဟာရမ် အဖွဲ့က ထုတ်ပြန် လိုက်တာပါ။

အဲဒီ့ ဗီဒီယိုထဲမှာ မျက်နှာဖုံးစွပ် ထားတဲ့ သေနတ်သမား တစ်ယောက်က စကား ပြောနေပြီး၊ အဲဒီ့သူရဲ့ နောက်မှာ အမျိုးသမီးငယ် အယောက် ၅ဝ ဝန်းကျင်ကို တွေ့ရပါတယ်။

အမျိုးသမီး တချို့ မျက်ရည် သုတ်နေကြပြီး၊ တစ်ယောက် ကတော့ ကလေးငယ် တစ်ဦးကို ပွေ့ထာပါတယ်။

သူတို့ ပြန်လည် လွတ်မြောက် ရေး အတွက် နိုင်ဂျီးရီးယား အစိုးရက ဆောင်ကြဉ်း ပေးဖို့ တိုက်တွန်း ကြပါ ဆိုပြီး မိဘတွေကို အမျိုးသမီး တစ်ဦးက ဗီဒီယိုထဲ တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် အစိုးရတပ် ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေဟာ ဓားစာခံ အမျိုးသမီးတွေကို ထိခိုက် စေတယ် လို့လည်း အဲဒီ့ အမျိုးသမီး က ဆိုပါတယ်။

နိုင်ဂျီးရီးယား အစိုးရ ဘက်ကတော့ အခု ထွက်ပေါ် လာတဲ့ ဗီဒီယို နဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ