ဘာကာဝတ်ဆင်မှု မျက်နှာဖော်ပြဖို့ ဂျာမနီ ပြည်ထဲရေး ဝန်ကြီးပြော

ဓာတ်ပုံ မူပိုင် EPA
Image caption အန်ဂလာ မာကယ် ရဲ့ ညွှန့်ပေါင်း အစိုးရ အဖွဲ့ အတွင်းမှာလည်း ဘာကာ ဝတ်ဆင်မှု နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်

မွတ်ဆလင် အမျိုးသမီးတွေ ဘာကာ ဝတ်ဆင်မှုမှာ မျက်နှာ ဖော်ပြ ဝင်ဆင်ဖို့ တောင်းဆို သွားမယ်လို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီး က ပြောကြား လိုက်ပါတယ်။

ဘာကာ ဝတ်ရုံ ဝတ်ဆင်မှု ကို လုံးဝ တားမြစ်ဖို့ ဆိုတာ က ဂျာမနီ ရဲ့ အခြေခံ ဥပဒေ နဲ့ ကူညီမှု မရှိဘူးလို့လည်း ပြည်ထဲရေး ဝန်ကြီး သောမတ် ဒီ မိုင်ဇာ က ပြောပါတယ်။

ဂျာမနီ လူ့အဖွဲ့အစည်း အတွင်း ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့ အတွက် အမျိုးသမီးတွေ မိမိ မျက်နှာ ကို ဖော်ပြတာက မဖြစ်မနေ လုပ်ဆောင်သင့်တယ်လို့လည်း တီဗီ အင်တာဗျူး တခု မှာ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

ဒါပေမယ့် ပြည်ထဲရေး ဝန်ကြီး ရဲ့ တောင်းဆိုချက်ကို ဂျာမနီ လွှတ်တော်မှာ အတည်ပြု နိုင်ဖို့တော့ လိုအပ်မှာပါ။

ကျောင်းတွေ၊ အစိုးရ ရုံးတွေနဲ့ ကားမောင်းနေစဉ်မှာ ဘာကာ မျက်နှာဖုံး ဝတ်ဆင်မှု ကို တားမြစ်ဖို့ အတွက် စီစဉ်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အန်ဂလာ မာကယ် ရဲ့ ညွှန့်ပေါင်း အစိုးရ အဖွဲ့ အတွင်းမှာလည်း ဘာကာ ဝတ်ဆင်မှု နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ