အိုမရန် ရဲ့ အစ်ကို ဖြစ်သူ သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption အိုမရန် ရဲ့ ပုံဟာ ကမ္ဘာတဝှမ်း က အင်တာနက် စာမျက်နှာ တွေမှာ ပျံ့နှံ့ခဲ့

နိုင်ငံတကာ လူမှုကွန်ယက်တွေမှာ ဟိုးလေး တကြော် ဖြစ်ခဲ့တဲ့ ဆီးရီးယား ကလေးငယ် အိုမရန် ဒက်နစ်ရှ် ရဲ့ အစ်ကို ဖြစ်သူ သေဆုံး ခဲ့ပြီ ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှား သူတွေက ပြောပါတယ်။

အိုမရန် ရဲ့ ပုံဟာ ကမ္ဘာတဝှမ်း က အင်တာနက် စာမျက်နှာ တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် ဆီးရီးယား ပြည်တွင်း စစ်ပွဲမှာ ကလေးငယ်တွေ တိုက်ခိုက် ခံနေရမှု ကို ကမ္ဘာ တစ်ဝှန်း ဆန့်ကျင် ကန့်ကွက်မှုတွေ လုပ်ခဲ့ကြပါတယ်။

အလက်ပို မြို့က လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ အိုမရန် ကို ကယ်တင် လိုက် နိုင်ပေမယ့် အစ်ကို ဖြစ်သူ ကတော့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ ပျက်စီး ကာ မနေ့က သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

အခုလ အတွင်း အလက်ပို မြို့က လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း ကလေး သူငယ် အယောက် ၅၀ ထက် မနည်း သေဆုံး ခဲ့ရတယ်လို့ ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ