သူ့နေရာ ဆက်ခံ ချင်သူတွေ အသင့် ပြင်ထားဖို့ စင်္ကာပူ ဝန်ကြီးချုပ် ပြော

_lee_hsien_loong_
Image caption မစ္စတာလီ လဲကျ ခဲ့လို့ အမျိုးသားနေ့ အခမ်းအနား ယာယီ ရပ်ဆိုင်း သွားခဲ့။

စင်္ကာပူ နိုင်ငံ အမျိုးသားနေ့ အခမ်းအနားမှာ မိန့်ခွန်း ပြောရင်းသား မေ့လဲ သွားခဲ့တဲ့ ဝန်ကြီးချုပ် လီရှန်လွန်းက သူ့ နေရာကို ဆက်ခံမယ့် သူဟာ လာမယ့် အထွေထွေ ရွေးကောက်ပွဲ အပြီး အသင့် ဖြစ်နေဖို့ ပြင်ဆင် ထားရမယ် ဆိုပြီး ပြောပါတယ်။

မစ္စတာ လီရဲ့ ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရုံးရဲ့ ထုတ်ပြန်ချက် ထဲ မှာတော့ မစ္စတာလီဟာ အပူဒဏ် နဲ့ ရေ ဓာတ် ခမ်းခြောက် မှု တို့ကြောင့် အကြာကြီး မတ်တပ်ရပ်တဲ့ ဒဏ်ကို မခံနိုင်ပဲ လဲကျ ခဲ့တာ ဖြစ်ပြီး၊ လေဖြတ် တာမျိုး မဟုတ်ဘူး လို့ ဆိုပါတယ်။

မစ္စတာလီ လဲကျ ခဲ့လို့ အမျိုးသားနေ့ အခမ်းအနား ယာယီ ရပ်ဆိုင်း သွားခဲ့ ရပေမယ့်လည်း သိပ်မကြာ ခင်မှာပဲ၊ ဝန်ကြီးချုပ် လီဟာ ပြန်ထ ပြီး မိန့်ခွန်း ဆက်ပေး ခဲ့ပါတယ်။

မစ္စတာလီ ပြောခဲ့တဲ့ ဝန်ကြီးတွေ ဖြစ်ဖြစ်၊ ဘယ်သူ ဖြစ်ဖြစ်… သေမျိုး ချည်းပါပဲ ဆိုတဲ့ စကားကို သူ့ရဲ့ လူမှု ကွန်ရက် တွစ်တာ စာမျက်နှာ ပေါ်မှာလည်း ဖော်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ