IS ကို ချေမှုန်းမယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးပြော

ဓာတ်ပုံ မူပိုင် AFP
Image caption အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဟာ IS အဖွဲ့က လုပ်တာ လို့ တူရကီ အာဏာပိုင် တွေက ပြောကြား

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက အစ္စလမ္မစ် နိုင်ငံ IS အဖွဲ့ကို အမြစ်ပြတ် သုတ်သင် ပစ်ရမယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။

တူရကီ က ပံ့ပိုး ပေးထားတဲ့ အစိုးရ ဆန့်ကျင်ရေး သူပုန် အဖွဲ့က လည်း IS အဖွဲ့ ထိန်းချုပ်ရာ ဆီးရီးယား ရဲ့ ဂျလာဘတ် ဒေသ ကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက တူရကီ နိုင်ငံ ဂါဇီယန်တပ် မြို့ မှာ ဖြစ်ပွား ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဟာ IS အဖွဲ့က လုပ်တာ လို့ တူရကီ အာဏာပိုင် တွေက ပြောကြားနေပါတယ်။

မင်္ဂလာဆောင် တစ်ခု ကို ဉီးတည်ပြီး ပြုလုပ် ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၅၀ သေဆုံး ခဲ့ရပါတယ်။

သေဆုံးခဲ့ရသူတွေ အများစုက ကလေးငယ်တွေ ဖြစ်ကြောင်း တူရကီ အာဏာပိုင် တွေက ထုတ်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ