ဆီးရီးယား မြောက်ပိုင်းက IS နဲ့ ကာ့ဒ် YPG အဖွဲ့တွေကို တူရကီ လက်နက်ကြီးနဲ့ ပစ်

_kurds_rabia_iraq ဓာတ်ပုံ မူပိုင် Reuters
Image caption IS တွေကို တူရကီ က ကျောထောက် နောက်ခံ ပြုပေး နေတဲ့ ဆီးရီးယား သူပုန် အဖွဲ့တွေက တိုက်ခိုက်ဖို့ ပြင်ဆင် နေ။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း မှာ ရှိတဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ နဲ့၊ YPG လို့ ခေါ်တဲ့ ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေ ရဲ့ နေရာ တွေကို တူရကီ အစိုးရက လက်နက်ကြီး တွေ နဲ့ ပစ်ခတ် ခဲ့ပါတယ်။

ဂျရာ ဘလွတ်စ် နဲ့ မဲန်ဘစ်ဂျ် ဆိုတဲ့ ဆီးရီးယား မြို့တွေက ပစ်မှတ် တွေကို တူရကီ ဘက်ခြမ်း ကနေ ပစ်ခတ် ခဲ့တာပါ။

ဆီးရီးယား မြောက်ပိုင်း ဒေသဟာ IS ကင်းစင်နယ် မြေ ဖြစ်သင့်တယ် လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မယ်ဗလုထ် ချာဗူရှောလူးက အစောပိုင်းတုန်းက ပြောထားပါတယ်။

တူရကီ နဲ့ ဆီးရီးယား နှစ်နိုင်ငံ နယ်စပ် မှာ ရှိတဲ့ IS တွေကို တူရကီ က ကျောထောက် နောက်ခံ ပြုပေး နေတဲ့ ဆီးရီးယား သူပုန် အဖွဲ့တွေက တိုက်ခိုက်ဖို့ ပြင်ဆင် နေတယ် ဆိုတဲ့ သတင်းတွေ လည်း ရရှိ ထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပ်ပို အခြေအနေဟာ နှိုင်းယှဉ် စရာ မရှိ လောက်အောင်ကို ဆိုးရွား နေပြီ။

တခါ၊ တိုက်ပွဲတွေ ပြင်းထန် နေတဲ့ ဆီးရီးယား မြို့ အလက်ပ်ပို က လူတွေ ရဲ့ အခြေအနေဟာ နှိုင်းယှဉ် စရာ မရှိ လောက်အောင်ကို ဆိုးရွား နေပြီလို့ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ် ကူညီရေး ဆိုင်ရာ အဖွဲ့ရဲ့ အကြီးအကဲ စတီဖင် အို ဘရိုင်ယန် က သတိပေး လိုက်ပါတယ်။

ဆေးရုံ တွေ ဗုံးကြဲ ခံနေရပြီး၊ လူတွေ နေထိုင် တဲ့ နေရာတွေဟာ အလယ်ခတ် သဖွယ် ပိတ်ဆို့ ခံထား နေရတဲ့ အဖြစ်ကို ကမ္ဘာကြီး အနေနဲ့ လျစ်လျူရှု ပစ်ပယ်ထားလို့ မရ နိုင်ဘူး လို့လည်း မစ္စတာ အိုဘရိုင်ယန်က ဆိုပါတယ်။

လူတွေ သိန်းချီ ပိတ်မိ နေကြတဲ့ အလက်ပ်ပို မြို့ ရှိရာဆီ လိုအပ်တဲ့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပို့ပေးနိုင်ဖို့ အနည်းဆုံး ၄၈ နာရီကြာ အပစ်ရပ် ထားရေးကို ဖြစ်မြောက်အောင် ဆောင်ကြဉ်း ပေးပါ ဆိုပြီး လုံခြုံကောင်စီ ထံ မစ္စတာ အိုဘရိုင်ယန် က တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ