ဘာရ်ကီးနီး ဝတ်တာ တားမြစ်မှုကို ပြင်သစ် အထက်ရုံးတော် ဆိုင်းငံ့

_burkini_
Image caption ဘာရ်ကီးနီးဝတ် အမျိုးသမီးကို ပြင်သစ်ရဲတွေ တားမြစ်ခဲ့။

မွတ်ဆလင်မ် အမျိုးသမီး တချို့ ဝတ်ဆင် လိုကြတဲ့ တစ်ကိုယ်လုံး အလုံ ဖုံးအုပ်ထားတဲ့ ဘာရ်ကီးနီး လို့ အမည် တွင်နေတဲ့ ရေကူးဝတ်စုံ ဝတ်ဆင်မှုကို တားမြစ် ပိတ်ပင် ထားတာကို ပြင်သစ် နိုင်ငံရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေး ဆိုင်ရာ ရုံးတော် ဖြစ်တဲ့ နိုင်ငံတော် ကောင်စီ ရုံးက ဆိုင်းငံ့ လိုက်ပါတယ်။

ဘာရ်ကီးနီး ဝတ်တာကို တားမြစ်တာဟာ အခြေခံ လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ဖောက်ဖျက် ကျူးလွန် တာ ဖြစ်တယ်လို့ ရုံးတော်က ဆုံးဖြတ် ခဲ့တာပါ။

ဗီလ်နာ့ဗ် လူဘေး ဆိုတဲ့ ပြင်သစ် မြို့ မှာ ဘာရ်ကီးနီး ဝတ်ဆင်တာ ကို အာဏာပိုင် တွေက တားမြစ် ခဲ့တာ နဲ့ ပတ်သက်ပြီး ဒီ အကြောင်းချင်းရာ ကိစ္စကို ရုံးတော်မှာ ဆုံးဖြတ် လာရတာ ဖြစ်ပါတယ်။

ဗီလ်နာ့ဗ် လူဘေး လိုပဲ မြေထဲ ပင်လယ် ကမ်းခြေ တလျှောက်က တခြား ပြင်သစ် မြို့ ပေါင်း ၃ဝ လောက်မှာ ဘာရ်ကီးနီး ဝတ်ဆင်မှုကို တားမြစ်ထားတဲ့ ဒေသခံ အာဏာပိုင် တွေ ရဲ့ အမိန့်ဟာ အခုလို ရုံးတော် ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ် လာအပြီး ဆိုင်းငံ့ သွားပြီ ဖြစ်ပါတယ်။

ရုံးတော် ရဲ့ အဆုံး အဖြတ်ကို မွတ်ဆလင်မ် တော်တော်များများနဲ့ လု့ အခွင့်အရေး သမားတွေက ကြိုဆို ခဲ့ကြပေမယ့် ဒီ ဆုံးဖြတ်ချက်ကို ဆက်လက် အံတု သွားမယ်လို့ ပြော လာကြတဲ့ မြို့တော် ဝန် တွေ လည်း ၃ ဦးထက် မနည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ