အီတလီ ငလျင်ဒေသ အရေးပေါ် အခြေအနေ ကြေညာ

ဓာတ်ပုံ မူပိုင် Getty
Image caption ယူရို သန်း ၅၀ လောက် ဖြည့်တင်း ပေးဖို့ အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီ က တောင်းခံ

အီတလီ နိုင်ငံမှာ မြေငလျင် လှုပ်ခတ် ခဲ့ရာ ဒေသတွေ မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ဦးရေ စုစုပေါင်း ၂၆၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ပြိုကျ ပျက်စီး ခဲ့တဲ့ အဆောက်အဦ တွေ အောက်မှာ ပိနေတဲ့ လူတွေကိုလည်း ဆက်လက် ရှာဖွေ ကယ်ထုတ်မှုတွေ ပြုလုပ်နေပါတယ်။

အဲဒီ ဒေသတွေမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တွေ လုပ်ကိုင်ဖို့ အတွက် ယူရို သန်း ၅၀ လောက် ဖြည့်တင်း ပေးဖို့ အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီ က တောင်းခံ ခဲ့ပါတယ်။

မြေငလျင်ကြီး လှုပ်ခတ် ခဲ့ပြီးနောက် နောက်ထပ် မြေငလျင်ငယ် လှုပ်ခတ်မှုတွေ ရှိနေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေး နေရပါတယ်။

အီတလီ နိုင်ငံက ကမ္ဘာလှည့် ခရီးသည်တွေ အလာများရာ ဒေသမှာ ဖြစ်ပွား ခဲ့တဲ့ မြေငလျင် ခံ ဒေသရဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေ ကို အခွန် ကောက်ထားမှု လုံးဝ မလုပ်တော့တဲ့ အထိ ဖြေလျော့ သွားမယ်လို့ အီတလီ ဝန်ကြီးချုပ် ကပြောပါတယ်။

မြေငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာ ပြိုကျခဲ့တာ အဆောက်အဦ တွေက မကြာခင်ကမှ အသစ်ပြန်လည် ဆောက်လုပ် ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေး စံချိန်စံညွှန်း တွေ နဲ့ ပတ်သက်လို့ သတင်းဌာနတွေမှာ ဝေဖန်နေပါတယ်။

ငလျင်ဒဏ် ခံ နိုင်တဲ့ အဆောက်အဦ တွေ တည်ဆောက်ဖို့ ဥပဒေ သတ်မှတ်ချက် မရှိသလို၊ ဆောက်လုပ်ရေး လုပ်ငန်း တွေကလည်း ထည့်သွင်း တည်ဆောက် တာမျိုး မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ