ဆီးရီးယား အပစ်ရပ် သဘောတူမှု ပြန်လည် ဆန်းသစ် ပြင်ဆင်ရမယ်လို့ အမေရိကန် ပြော

syria_daraya_kerry
Image caption ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ရုရှား နိုင်ငံနဲ့ အတူ ပူးပေါင်း ဆောင်ရွက် ဖို့ နှစ်ဘက် သဘောတူ ညီမှု ရရှိ ကာနီး ပြီ။

ဆီးရီးယား နိုင်ငံထဲ အပစ်ရပ် ကြဖို့ သဘောတူ ထားတယ် ဆိုတဲ့ အချက်ကို ဆီးရီးယား နိုင်ငံ ထဲက လူ အများစု မသိရှိ ကြ ဖြစ်နေရတယ် လို့ ဂျနီဗာ မြို့မှာ ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဆိုပါတယ်။

ဆီးရီးယား ပြည်သူ တွေ လိုလား တောင့်တ နေတဲ့၊ ဆီးရီးယား ပြည်သူ တွေနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းရေး ကို ရရှိ နိုင်ဖို့ ဆိုရင် သဘောတူမှု တစ်ခုလုံးကို ပြန်လည် ပြင်ဆင် ဆန်းသစ် ဖို့ လိုအပ် နေတယ် လို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ရုရှား နိုင်ငံနဲ့ အတူ ပူးပေါင်း ဆောင်ရွက် ဖို့ နှစ်ဘက် သဘောတူ ညီမှု ရရှိ ကာနီး ပြီ ဖြစ်ပေမယ့် ဖြေရှင်း ရမှာ တွေ တော့ ကျန်နေ သေးတယ် လို့လည်း ဝန်ကြီး ကယ်ရီက ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ် နဲ့ တွေ့ဆုံ ခဲ့ကြ အပြီး မစ္စတာ ကယ်ရီ က အခုလို ပြောလာတာပါ။

ဆီးရီးယား အစိုးရတပ် တွေ ပိတ်ဆို့တာ ၄ နှစ် ကြာမြင့် နေပြီ ဖြစ်တဲ့ ဒါရဲယား မြို့ မှာတော့ ဆီးရီးယား အစိုးရ က သဘော တူ ထား သလို အရပ်သားတွေ နဲ့ သူပုန် တွေ ဟာ မြို့ ကနေ ထွက်ခွာ တဲ့ လုပ်ငန်း စဉ် စတင် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ