၅၂ နှစ်ကြာ ကိုလံဘီယာ ပြည်တွင်းစစ် အဆုံးသတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်တွင်းစစ်ကြောင့် နိုင်ငံ အတွင်း ပျက်စီး ဆုံးရှုံး ခဲ့ရတာတွေ အတွက်လည်း FARC သူပုန် အဖွဲ့ က တောင်းပန်

ကိုလံဘီယာ အစိုးရ နဲ့ FARC သူပုန်တွေ အကြား ၄ နှစ်ကျော်ကြာ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့ကြပြီးနောက်မှာ FARC သူပုန်တွေက အပစ်အခတ် လုံးဝ ရပ်ဆိုင်းဖို့ အတွက် ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုလံဘီယာ နိုင်ငံမှာ ၅၂ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲ လုံးဝ ပြီးဆုံး သွားခဲ့ပြီလို့ FARC သူပုန် အဖွဲ့ ခေါင်းဆောင် တင်မိုချန်ကို က ပြောပါတယ်။

ပြည်တွင်းစစ်ကြောင့် နိုင်ငံ အတွင်း ပျက်စီး ဆုံးရှုံး ခဲ့ရတာတွေ အတွက်လည်း FARC သူပုန် အဖွဲ့ က တောင်းပန် ခဲ့ပါတယ်။

ပြီးတော့ ကိုလီဘီယာ နိုင်ငံသား တွေ အနေနဲ့ ညီရင်း အစ်ကို တမျှ ချစ်ကြည် ရင်းနှီးစွာ အတူတကွ ယှဉ်တွဲ နေထိုင် ဖို့ကို လည်း တောင်းဆို ခဲ့ပါတယ်။

ကိုလံဘီယာ တပ်မတော်ဖက်ကလည်း ထာဝရ အပစ်အခတ် ရပ်စဲရေး ကိုလဲ ကြေညာ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကကျူးဘားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး အတွက် သဘောတူညီ နိုင်ခဲ့တာ ဖြစ်ပြီး ရှေ့ တစ်ပတ်မှာ အပြီးသတ် လက်မှတ် ရေးထိုး ကြမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ