တူရကီက ဆီးရီးယားကို လေကြောင်းကနေ တိုက်ခိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption အရပ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့

ဆီးရီးယား နိုင်ငံမြောက်ပိုင်းမှာ တူရကီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၃၅ယောက် သေဆုံးသွားတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

Jeb el-Kussa ရွာမှာ လူနှစ်ဆယ် သေဆုံးပြီး အယောက် ငါးဆယ်ဒဏ်ရာရတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့က ပြောပါတယ်။

al-Amarna အရပ်က စိုက်ပျိုးရေးခြံ တခုကိုလည်း လက်နက်ကြီး ထိမှန်ခဲ့လို့ နောက်ထပ် လူ ၁၅ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

တူရကီ စစ်တပ်ကလည်း ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ကြောင်းနဲ့ လူ၃၅ယောက် သေဆုံးခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့ပြီး ဒီပစ်ခတ် တိုက်ခိုက်မှုဟာ ကာ့ဒစ်ရှ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရည်ရွယ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ