တူရကီ မှ ဆီးရီးယားနယ်စပ်ဖက် တိုက်ပွဲအရှိန်မြှင့်

turkey_cross_border_ ဓာတ်ပုံ မူပိုင် AP
Image caption တူရကီတပ်မှ ဆီးရီးယား နယ်စပ် စစ်ဆင်ရေး

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ကတည်း က စတင်ခဲ့တဲ့ ဆီးရီးယား နယ်စပ်ဖက် ပစ်မှတ်ထား တဲ့ တူရကီ ရဲ့ လေကြောင်း ထိုးစစ်တွေ ကြောင့် သြဂုတ်လ ၂ဂ ရက် မနေ့ က ဆိုရင် အနည်းဆုံး လူပေါင်း ၄၀ သေဆုံး ပါတယ်။ တူရကီ ဘက် ကတော့ ကဒ့်သူပုန်တွေ ကျဆုံးတာ လို့ပြောပေမဲ့ စောင့်ကြည့် လေ့လာတဲ့ အဖွဲ့ ကတော့ အရပ်သား ၃၅ ဦး နဲ့ သူပုန် လေးဦး သေဆုံးတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ သမ္မတ ရီဂျက်ပ် တိုင်ရစ် အန်ဒိုအန် ကတော့ တူရကီ ရဲ့ ပစ်မှတ်ဟာ အကြမ်းဖက်အုပ်စု တွေ လို့ ပြောပါတယ်။ တူရကီ အစိုးရ အနေနဲ့ ဆီးရီးယား နဲ့ အီရတ် မှာ ခြေကုတ် ယူထားတဲ့ အိုင်အက်စ် အစ္စလာမ်မစ် တပ်ဖွဲ့တွေ ကို အပြတ် ချေမှုန်း သွား မှာ ဖြစ်တဲ့ အတွက် ဂျာရ ဘလူ့စ် မြို့ မှာ တပ်စွဲ ထားတဲ့ အကြောင်း၊ အီရတ် မြောက်ပိုင်း ဘာရှီကာ မြို့ မှာ လည်း တူရကီတပ် တွေ ရှိနေ တဲ့ အကြောင်းနဲ့ တူရကီ အနေနဲ့ လိုအပ်ရင် ဒေသတွင်း က အကြမ်းဖက် အုပ်စုတွေ နဲ့ ခွဲထွက်ရေး သူပုန် အုပ်စုတွေ ကိုပါ အမြစ် က လှန် တိုက်ဖျက်ပစ် ဖို့ ဆက်လက် တာဝန်ယူသွား မှာ ပါ လို့ သမ္မတ ရီဂျက်ပ် တိုင်ရစ် အန်ဒိုအန် ပြောတာပါ။

ဒါပေမဲ့ တူရကီ ဟာ ကဒ့် တပ်ဖွဲ့ ဝိုင်ပီဂျီ နဲ့ ဖြစ်စေ အာရပ် မဟာမိတ် တပ်တွေ နဲ့ ဖြစ်စေ ကြာလေ အငြင်းပွား တိုက်ပွဲ တွေ ပိုပြင်းထန်လာစရာ ရှိတယ် လို့ ဘီဘီစီ သတင်းထောက် ဂီနေး ရီလ်ဒစ်ဇ် က သုံးသပ်ပါတယ်။

တူရကီ ဘက်ကလည်း ကဒ့်တပ်တွေ ကို ယူဖရေးတီးစ် မြစ် အရှေ့ဘက်ခြမ်း ကနေ ဆုတ်ခွာ ပေးဖို့ တွန်းအား ပေးနေတာပါ။ တဖက်မှာလည်း ရုရှ ရဲ့ စစ်ကူမှု ကို တူရကီ က ကြိုဆို နေတာပါ။ တခါ ဆီးရီးယား နဲ့ အီရန် အစိုးရ တပ်တွေ ကလည်း ကဒ့်တွေ နဲ့ မဟာမိတ် တပ်တွေ နယ်မြေ ထိန်းချုပ်မှု များလာမှာ ကို ဟန့်တား နေတာပါ။ ဒေသတွင်းရှိ အမေရိကန် နဲ့ မဟာမိတ်တပ်တွေ ကိုလည်း ထည့်တွက်နေရတဲ့ အတွက် တူရကီ ရဲ့ ထိုးစစ် အရှိန် မြင့်လာတာနဲ့ အမျှ သံတမန် နည်းအရ ဖြေရှင်းမှု တွေ၊ ကြားဝင် ဆောင်ရွက် နေမှု တွေ ပီပြင် မှာ မဟုတ်တဲ့ အကြောင်း လည်း အရှေ့အလယ်ပိုင်း ဆိုင်ရာ ဘီဘီစီ သတင်းထောက် က သတင်းပို့လိုက်ပါတယ်။