ဘရာဇီး သမ္မတ လွှတ်တော်မှာ ခုခံ ကာကွယ်

Rousseff ဓာတ်ပုံ မူပိုင် AFP
Image caption ဘရာဇီးသမ္မတကို ထောက်ခံသူတွေ စုဝေး

ဘရာဇီးမှာ ရာထူးချ ခံနေရတဲ့ သမ္မတ Dilma Rousseff က အထက်လွှတ်တော်မှာ ခုခံကာကွယ်ဖို့ ရောက်ရှိ နေပါတယ်။

ဘက်ဂျက် လိုငွေပြမှု ကြီးမားတာကို ဖုံးကွယ်ဖို့ လုပ်တယ်ဆိုပြီး သူ့ကို စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဘရာဇီးလီးယား မြို့တော်က လွှတ်တော်ရုံးရှေ့မှာ သူ့ကို စောင့်နေသူ ၂ဝဝ လောက်က အမိမြေရဲ့ သူရဲကောင်းလို့ ဟစ်ကြွေးခဲ့ကြပါတယ်။

Rousseff ကတော့ ဒီလို စစ်ဆေးမှုတွေက အာဏာသိမ်းတာပဲလို့ ဆိုပါတယ်။

သူ့ကို ရာထူးက ဖယ်ရှားမလား အထက်လွှတ်တော်က ဒီတပတ်ထဲမှာ ဆုံးဖြတ်ဖို့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ