Apple ကို အခွန် ကြွေးကျန်ဆိုပြီး အီးယူက တောင်းလို့ အမေရိကန် ဝေဖန်

_apple_ ဓာတ်ပုံ မူပိုင် Getty
Image caption အိုင်ယာလန် ထဲ ဥရောပ ရုံးချုပ် ဖွင့်လှစ် ထားရှိတဲ့ Apple ကုမ္ပဏီ က ပေးဆောင် နေတဲ့ အမြတ် ခွန် ပမာဏဟာ နည်းလွန်း နေတယ်လို့ အီးယူ သတ်မှတ်။

နာမည်ကျော် နည်းပညာ ကုမ္ပဏီ ကြီး ဖြစ်တဲ့ Apple ဟာ အခွန် ကြွေးကျန် အနေနဲ့ ဒေါ်လာ ၁၄.၅ ဘီလီယံ အထိ အိုင်ယာလန်ကို ပေးဆောင် ရမယ် ဆိုပြီး ဥရောပ ကော်မရှင်က အမိန့် ထုတ် ခဲ့တဲ့ အပေါ် စိုးရိမ်ကြောင်း အမေရိကန် အစိုးရက ပြောလာပါတယ်။

အိုင်ယာလန် ထဲ ဥရောပ ရုံးချုပ် ဖွင့်လှစ် ထားရှိတဲ့ Apple ကုမ္ပဏီ က ပေးဆောင် နေတဲ့ အမြတ် ခွန် ပမာဏဟာ နည်းပါး လွန်း နေတယ် ဆိုပြီး ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ က တွေ့ ရှိခဲ့တဲ့ နောက် အခုလို အခွန် ကြွေးကျန် အနေနဲ့ ပေးဆောင် ခိုင်း လာတာ ဖြစ်ပါတယ်။

ဥရောပ ကော်မရှင်ရဲ့ တစ်ဘက်သတ် ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အခွန် စနစ် မျှတ လာစေရေး အပေါ် ခြိမ်းခြောက် နေတယ် ဆိုပြီး အိမ်ဖြူတော် ပြောခွင့်ရ ဂျော့ချ် အားနက်စ်က ဆိုပါတယ်။

အိုင်ယာလန် အစိုးရက တရားဝင် အမြတ်ခွန် လျှော့ကောက်ပေးပြီး အပြန်အလှန် အနေနဲ့ Apple က အိုင်ယာလန် နိုင်ငံ အတွက် သီးသန့် အကူအညီ ထောက်ပံ့ကြေး တွေ ပေးတာမျိုးလို တရားမဝင် သဘောတူချက် ရယူ ထားတယ်လို့ အီးယူ အဖွဲ့က ယူဆ ထားပါတယ်။

အဲဒီလိုမျိုး သဘောတူချက် မရှိဘူး လို့ နှစ်ဘက်စလုံးက ငြင်းဆို ထားကြပြီးအီးယူရဲ့ အဆုံးအဖြတ် အပေါ် အယူခံဝင်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ