ဓာတုလက်နက် သုံးတဲ့ ဆီးရီးယား အစိုးရကို အရေးယူဖို့ တောင်းဆိုနေ

_syria_chemical_weapons
Image caption ကုလ သမဂ္ဂ က ဦးဆောင် တဲ့ တစ်နှစ်ကြာ လေ့လာ ထား ချက် တွေကနေ အစီရင် ခံစာ တစ်စောင် ထုတ်ပြန်။

ဆီးရီးယား အစိုးရ ဟာ ဓာတု လက်နက်တွေ ကို အနည်းဆုံး နှစ်ကြိမ် အသုံး ပြု ခဲ့တယ် ဆိုပြီး ကုလ သမဂ္ဂ က ဦးဆောင် တဲ့ တစ်နှစ်ကြာ လေ့လာ ထား ချက် တွေကနေ အစီရင် ခံစာ တစ်စောင် ထုတ်ပြန် ခဲ့တဲ့ နောက် ဆီးရီးယား အစိုးရ အပေါ် ပိတ်ပင် ကန့်သတ်မှု တွေ ချမှတ် ဖို့ ကုလသမဂ္ဂ ကို ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံတွေက တောင်းဆို လိုက်ပါတယ်။

ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေး ခဲ့ကြ ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကတော့ အခု ထွက်ပေါ် လာတဲ့ အစီရင်ခံစာပါ အချက်အလက် တွေ နဲ့ ပတ်သက်ပြီး ရုရှား အနေနဲ့ မရှင်း လင်းတာ တွေ ရှိ သေးတယ်လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရ ကတော့ ဓာတု လက်နက် အသုံး မပြုဘူး လို့ အစဉ်တစိုက် ပြောဆို လေ့ ရှိပါတယ်။

ဒီ အချိန် မှာပဲ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ တူရကီ နဲ့ ကာ့ဒ်မျိုးနွယ်စု တပ်ဖွဲ့ဝင် တွေ ကြား တိုက်ပွဲတွေ ရပ်တန့်ဖို့ သဘော တူနိုင်ခဲ့ပြီ လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ဒါပေမယ့် ရရှိ လာတဲ့ သဘော တူညီမှုဟာ အကြမ်းဖျင်းသာ ဖြစ်ပြီး ပိုမို ခိုင်မာလာဖို့ မျှော်လင့် ထားတယ် လို့ လည်း ဆိုပါတယ်။

အမေရိကန် ရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ တူရကီနဲ့ ကာ့ဒ် လက်နက်ကိုင်တွေကြား တိုက်ခိုက် နေခဲ့ ကြတာဟာ အမေရိကန် အစိုးရ ကို စိုးရိမ်မှု တွေ ဖြစ်စေ ခဲ့တဲ့ အတွက် IS ချေမှုန်းရေး အပေါ်သာ အာရုံစိုက် ကြဖို့ တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ