မက္ကဆီကို သမ္မတကို ထရမ့် သွားတွေ့

_trump_mexico_
Image caption မစ္စတာ ထရမ့်က မက္ကဆီကို နိုင်ငံသားတွေ ဟာ အင်မတန် ချီးကျူးဖို့ ကောင်းတဲ့ အလုပ် ကြိုးစား ကြသူတွေ လို့ ဆိုလာ ပြန်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ် ထရမ့်ဟာ မက္ကဆီကို နိုင်ငံကို သွားပြီး အဲဒီက သမ္မတ အဲန်နရီကေး ပင်ညာ ညေးတိုးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

စကားပြောပွဲ ဟာ ပွင့်ပွင့်လင်းလင်း ရှိခဲ့ပြီး အပြုသဘော ဆောင်တယ်လို့ နှစ်ဘက်စလုံးက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုထဲ ရွှေ့ပြောင်း ဝင်ရောက် တဲ့ မက္ကဆီကိုဘက်က သူတွေဟာ မူးယစ် ဆေးဝါး ရောင်းသူတွေ၊ မုဒိန်းကောင် တွေ အစ ရှိသဖြင့် မစ္စတာ ထရမ့် က သမုတ် ခဲ့ဘူး ပေမယ့်၊ အခုတော့ မစ္စတာ ထရမ့်က မက္ကဆီကို နိုင်ငံသားတွေ ဟာ အင်မတန် ချီးကျူးဖို့ ကောင်းတဲ့ အလုပ်ကြိုးစား သူတွေ လို့ ဆိုလာ ပြန်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ မဲဆွယ်ပွဲ အဓိက ကတိကဝတ် တစ်ခု ဖြစ်တဲ့ မက္ကဆီကိုနဲ့ နယ်စပ် မှာ တံတိုင်းခတ် မယ် ဆိုတဲ့ ပြောစကား အပေါ် မှာတော့ မစ္စတာ ထရမ့် ဆက်လက် ကာကွယ် နေပေမယ့်၊ အဲဒီ့ တံတိုင်း အတွက် ကုန်မယ့်ငွေကို ဘယ်သူ ကျခံ မလဲ ဆိုတာကို သမ္မတ ပင်ညာ ညေးတိုးနဲ့ တွေ့ဆုံတုန်း မပြော ခဲ့ကြဘူးလို့ မစ္စတာ ထရမ့်က ပြောပါတယ်။

မက္ကဆီကို သမ္မတ မစ္စတာ ပင်ညာ ညေးတိုး ကတော့ နယ်စပ် လုံခြုံရေး ဆိုတဲ့ အကြောင်း ပြောရင် အမေရိကန် ဘက်က လိုင်စင်မဲ့ သေနတ် တွေဦ မူးယစ် ကုန်သွယ်မှု နဲ့ပတ်သက်တဲ့ ငွေကြေး တွေ သူ့ နိုင်ငံထဲ စီးဝင် နေတာကိုလည်း ထည့်သွင်း ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ