ဖိလစ်ပိုင် ဗုံးပေါက်ကွဲမှု အနည်းဆုံး ၁၂ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် Getty
Image caption ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ သမ္မတ ဒူတာတေး လည်း ဒေဗောင်း မြို့မှာ ရောက်ရှိ နေ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာကြောင့် လူ အနည်းဆုံး ၁၂ ဦး သေဆုံး ခဲ့ရပြီး အများအပြား ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြပါတယ်။

သမ္မတ ဒူတာတေး မြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေဗောင်း မြို့က ညဈေး တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာပါ။

ကနဦး စုံစမ်း စစ်ဆေး မှုတွေအရ လက်လုပ်ဗုံး နဲ့ တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ သမ္မတ ဒူတာတေး လည်း ဒေဗောင်း မြို့မှာ ရောက်ရှိ နေပါတယ်။

မစ္စတာ ဒူတာတေး ဟာ ဖိလစ်ပိုင် သမ္မတ အဖြစ် ရွေးချယ်ခြင်း မခံရမီ က ဒေဗောင်း မြို့တော် ဝန် အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဒေဗောင်း မြို့ ရဲ့ အဝင်အထွက် တွေမှာ ရှာဖွေမှုတွေ ပြုလုပ် နေပါတယ်။ လူတွေကို လည်း ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်လို့ သတိ ရှိဖို့ အစိုးရ တာဝန်ရှိသူတွေက တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ