စင်္ကာပူ မလေးရှားမှာ ဇီကာ ကူးသူတိုးလာ

zika ဓာတ်ပုံ မူပိုင် AFP
Image caption ခြင်တွေ မပေါက်ဖွားဖို့ လိုက်လံ ရှင်းလင်း

စင်္ကာပူမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရသူ ၂ဝဝ ကျော် ရှိသွားပါပြီ။

လူနာ ၂ ယောက်မှာ တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးဟာ အာရှ ဒေသတွင်း အမျိုးအစား ဖြစ်ပြီး တောင်အမေရိကက လာတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မလေးရှားမှာတော့ ပထမဆုံး ပြည်တွင်း မှာတင်ပဲ ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ၆၁ နှစ် အရွယ် လူကြီး တယောက်ကို ဆာဘားပြည်နယ်မှာ တွေ့ရှိခဲ့ပါတယ်။

စင်္ကာပူက လူနေရပ်ကွက်တွေ မှာလည်း ဒီဗိုင်းရပ်စ်သယ်တဲ့ ခြင်တွေ မပေါက်ပွားဖို့ လိုက်လံ ရှင်းလင်းမှုတွေ လုပ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ