ပဲရစ် သဘောတူညီချက် ကန်နဲ့တရုတ် အတည်ပြု

Xi Jinping ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်နဲ့ တရုတ် သမ္မတတွေ အတူ လက်မှတ်ထိုး

ကမ္ဘာ့ ရာသီဥတုကို အဆိုးရွားဆုံး ညစ်ညမ်းအောင် လုပ်နေတဲ့ အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံက ပတ်ဝန်းကျင် ထိန်းချုပ်ရေး ဆိုင်ရာ ပဲရစ် စာချုပ်ကို လိုက်နာဖို့ အတည်ပြု သဘောတူခဲ့ကြပါတယ်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ တနင်္ဂနွေနေ့ ကျင်းပမယ့် စက်မှုအင်အားကြီး နိုင်ငံ ၂ဝ တွေ့ဆုံပွဲ မတိုင်ခင် ဒီလို သဘောတူညီခဲ့ကြတာပါ။

ကမ္ဘာကြီးကို ကယ်တင်ဖို့ ဆုံးဖြတ်ချက် တရပ်အဖြစ် ပဲရစ် သဘောတူညီချက်ကို သတိရကြလိမ့်မယ်လို့လည်း အမေရိကန် သမ္မတ အိုဘားမားက ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ကွဲပြားမှုတွေ ရှိနေပေမယ့် သဘာဝ ပတ်ဝန်းကျင် အရေး အတွက် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ အတူ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ