G-20 ထိပ်သီး အစည်းအဝေး တရုတ်ပြည်မှာဖွင့်

g20 ဓာတ်ပုံ မူပိုင် AP
Image caption တရုတ် သမ္မတ ရှီကျင်ဖျင်း

စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရေရှည်ခံဖို့ စီးပွားရေး မူဝါဒတွေ ထိန်းညှိသွားကြဖို့ အရေးကြီးတယ်လို့ G-20 ထိပ်သီး အစည်းအဝေး အဖွင့်မှာ တရုတ် သမ္မတ ရှီကျင်ဖျင်းက ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပတဲ့ ဒီအစည်းအဝေး ပထမနေ့မှာ ကမ္ဘာ့ ခေါင်းဆောင်တွေက ဒေသတွင်း လုံခြုံရေး၊ ဆီးရီးယား ပဋိပက္ခ၊ ကုန်သွယ်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာတွေကို ဆွေးနွေးကြမှာပါ။

ဒီအစည်းအဝေးမှာပဲ ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေက ဥရောပ သမဂ္ဂထဲက ဗြိတိန် ထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို ရှင်းပြဖို့ ရှိပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့ တူရကီ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တရားမျှတစွာ စီရင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အစည်းအဝေး အတွင်း တူရကီ သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ