အမျိုးသားရေး အစွန်းရောက် ဝါဒ အန္တရာယ်ကို လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး သတိပေး

_zeid_raad_al-hussein ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသားရေး အစွန်းရောက် ဝါဒဟာ IS လိုပဲ လူတွေကြား အကြောက်တရား ပေါက်ဖွားစေ။

အနောက်နိုင်ငံ တွေမှာ အမျိုးသားရေး လက်ျာ ဝါဒ ခေါင်းထောင် ထ လာ တာကနေ အကြမ်းဖက်မှု အန္တရာယ် တွေ ပေါ်ပေါက် လာနိုင်တယ် ဆိုပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မင်းကြီး ဇိတ် ရာအာ့ဒ် အယ်လ် ဟူစိန် က သတိပေး ပြောကြား လိုက်ပါတယ်။

အမေရိကန်ရဲ့ ရီပတ်ပလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့် ဟာ လူမျိုးရေး ခွဲခြားမှု နဲ့၊ လူတွေကို ဘာသာ တရား အပေါ် မူတည် ခွဲခြားပြီး ဘယ်လို လူမျိုးလည်း ဆိုတာကို ကြိုတင် သတ်မှတ် ယူဆ မှု တွေ ဖြန့်ဖြူး ပေးနေသူ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက ဝေဖန် ခဲ့ပါတယ်။

နယ်သာလန် နိုင်ငံမှာ ပြုလုပ် ခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ ညီလာခံ တစ်ခုမှာ အခုလို ပြောခဲ့တာပါ။

နယ်သာလန် နိုင်ငံထဲက ဒတ်ချ် လက်ျာစွန်း ခေါင်းဆောင် Geert Wilders၊ ဗြိတိန် နိုင်ငံက Nigel Farage နဲ့ ပြင်သစ် က Marine Le Pen တို့ကိုလည်း လူ့ အခွင့်အရေး မင်းကြီး က နာမည် တပ် ဝေဖန် ခဲ့ပါတယ်။

အဲဒီ့ အမျိုးသားရေး အစွန်းရောက် ဝါဒဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လိုပဲ လူတွေကြား အကြောက်တရား ပေါက်ဖွား စေအောင် ပြုမူပြီး အမုန်တရား နဲ့ အကြမ်းဖက် ရန်လိုမှု တွေ ဖြစ်ပေါ် လာအောင် လှုံဆော် ပေးတယ်လို့လည်း လူ့ အခွင့်အရေး မင်းကြီး က ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ