လာအို ဗုံးရှင်းလင်းရေး အမေရိကန် ၂ဆ ထောက်ပံ့

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် နိုင်ငံဟာ လာအို နိုင်ငံကို ဗုံးတန်ချိန်ပေါင်း နှစ်သန်းခန့် ကြဲခဲ့

လာအိုနိုင်ငံက မပေါက်ကွဲသေးတဲ့ ဗုံးတွေရှင်းဖို့အတွက် လက်ရှိ ပေးနေတာထက် ၂ဆ ပိုတဲ့ ထောက်ပံ့ငွေပေးမယ်လို့ အာဆီယံ ထိပ်သီး ညီလာခံ အတွင်း အမေရိကန် သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

လာအိုနိုင်ငံ အနေနဲ့ ဗုံးရှင်းလင်းရေး လုပ်ငန်းတွေအတွက် နောက်သုံးနှစ် မှာ အမေရိကန်ဒေါ်လာ သန်း၉၀ ရရှိမှာ ဖြစ်ပါတယ်။

၁၉၆၄နဲ့ ၁၉၇၃ ခုနှစ်တွေ အတွင်း က အမေရိကန် နိုင်ငံဟာ လာအို နိုင်ငံကို ဗုံးတန်ချိန်ပေါင်း နှစ်သန်းခန့် ကြဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က အမေရိကန်ရဲ့ အခန်းကဏ္ဍ ကို ရေရေရာရာ တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရက သတ်သတ်မှတ်မှတ် မရှိခဲ့ဘူး၊ နောက်ပြီး အဲဒီတုန်းက စစ်ပွဲဟာ လျှို့ဝှက်ပြီး တိုက်တဲ့စစ်ဆိုတော့ သာမန်လူတွေလည်း မသိခဲ့ကြဘူး။ ဒီလို နေ့မျိုးမှာ ဒါကို အသိအမှတ်ပြုကြဖို့ အရေးကြီးပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

လာအို နိုင်ငံအပေါ် အမေရိကန် ကြဲချခဲ့တဲ့ ဗုံးအရေအတွက်က ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်က ဂျာမနီ နဲ့ ဂျပန်တို့ကို ကြဲခဲ့တဲ့ ဗုံးတန်ချိန်ထက် ပိုများပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ