ဆန္ဒပြတဲ့ တရုတ် ကျေးရွာ ခေါင်းဆောင် ထောင်ကျ

ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၁ ခုနှစ်က ရွာလုံးကျွတ် ဆန္ဒပြခဲ့ပြီးနောက် လင် ဇူလူအန်ကို ကျေးရွာ ခေါင်းဆောင်အဖြစ် ရွာသားတွေ တင်မြှောက်ခဲ့ကြ။

တရုတ် နိုင်ငံမှာ မြေယာသိမ်းမှုတွေကို ဆန့်ကျင် ဆန္ဒပြတဲ့ ကျေးရွာ ခေါင်းဆောင် တစ်ယောက်ကို လာဘ်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်ပါတယ်။

ဝူကန် ကျေးရွာ ခေါင်းဆောင် လင် ဇူလူအန် အဖို့ အပြစ်ရှိကြောင်း အတင်းအကျပ် ဝန်ခံခိုင်းတာ ခံခဲ့ရတယ်လို့ သူ့ကို ထောက်ခံတဲ့ အဲဒီ ရွာသားတွေက ပြောပါတယ်။

မြေယာသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ်မှာ ရွာလုံးကျွတ် ဆန္ဒပြမှုတွေ ပေါ်ပေါက် ခဲ့ပြီးနောက် အစိုးရရဲ့ ရှားရှားပါးပါး လိုက်လျောပေးမှု အဖြစ် လင် ဇူလူအန်ကို ရွာသားတွေ စိတ်တိုင်းကျ ကျေးရွာ ခေါင်းဆောင်အဖြစ် တင်မြှောက်ခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ ဆန့်ကျင် ဆန္ဒပြမှုတွေ အသစ်ပြန်စဖို့ စည်းရုံး လှုပ်ရှားစဉ် သူ့ကို တရုတ် အစိုးရက ဖမ်းဆီး ခဲ့တာပါ။

ဂွမ်ဒေါင်း ပြည်နယ်မှာ ရှိတဲ့ မစ္စတာ လင် ဇူလူအန်ရဲ့ ဝူကန် ကျေးရွာသားတွေဟာ သူ အဖမ်းခံရတာကို လပေါင်းများစွာ ဆန့်ကျင် ဆန္ဒပြ ခဲ့ကြပါတယ်။

သူ့အပေါ် စွဲဆိုချက်တွေဟာ အစိုးရကို ဆန့်ကျင် ဝေဖန်တာကို နှုတ်ပိတ်ဖို့ သက်သက် ဖြစ်တယ်လို့ သူ့ရွာသားတွေက မှတ်ယူ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ