ထရမ့် ထောက်ခံသူတွေကို ကလင်တန် တောင်းပန်

ဓာတ်ပုံ မူပိုင် Getty
Image caption နယူးယောက်ခ် ရန်ပုံငွေ ပွဲတပွဲမှာ ဟီလာရီ ကလင်တန်က ဝေဖန် ပြောကြား

ရီပတ်ဘလီကန် ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့် ကို ထောက်ခံ သူ ထက်ဝက် ဟာ ရွံရှာစရာ ကောင်းသူ တွေလို့ ပြောကြား မိတဲ့ အတွက် နောင်တ ရမိတယ်လို့ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် က ပြန်လည် တောင်းပန်လိုက်ပါတယ်။

ဒါပေမယ့် လူမျိုးရေး ခွဲခြားသူတွေ၊ ကျားမ တန်းတူမှု ကို ဆန့်ကျင်သူတွေနဲ့ နိုင်ငံခြားသား မုန်းတီးရေး လှုပ်ရှား သူတွေကို သူ့ အနေနဲ့ ဆက်လက် ဆန့်ကျင်နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် က အလုပ်ကြိုးစားကြတဲ့ ပြည်သူတွေဟာ နိုင်ငံရေး စနစ်ကြောင့် ခွဲခြား ခံရသလို ဖြစ်ခဲ့ တယ်လို့ ဟီလာရီ ကလင်တန် ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

ဒေါ်နယ် ထရမ့်ကို ထောက်ခံသူ ထက်ဝက်ကို ရွံရှာစရာ ကောင်းသူတွေလို့ နယူးယောက်ခ် ရန်ပုံငွေ ပွဲတပွဲမှာ ဟီလာရီ ကလင်တန်က ဝေဖန် ပြောကြား လိုက်တာပါ။

ဒီလူတွေဟာ လူမျိုးရေး ခွဲခြားသူတွေ၊ ကျားမ တန်းတူမှုကို ဆန့်ကျင်ပြီး နိုင်ငံခြားသား မုန်းတီးရေးနဲ့ မွတ်ဆလင် မုန်းတီးရေး ရှိသူတွေလို့ သူက ဆိုပါတယ်။

ကျန်တဲ့ တဝက်ကတော့ စီးပွားရေး မကောင်းလို့ အစိုးရကို စိတ်ကုန်ပြီး အပြောင်းအလဲ လိုချင်သူတွေသာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ဆိုပါတယ်။

မစ္စစ် ကလင်တန် ဟာ သန်းနဲ့ချီတဲ့ အမေရိကန် နိုင်ငံသား တွေကို စော်ကား ခဲ့တယ်လို့ ဒေါ်နယ် ထရမ့် ရဲ့ မဲဆွယ် စည်းရုံးရေး မန်နေဂျာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ