ကန် ဗုံးကြဲလေယာဉ်တွေ ကိုရီးယားမှာ အင်းအားပြ ပျံသန်း

ဓာတ်ပုံ မူပိုင် Reuters

မြောက်ကိုရီးယားက ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာမှာ အမေရိကန်က အင်အားပြတဲ့ အနေနဲ့ ဘီ-၁ ဘီ အမျိုးအစား ဗုံးကြဲလေယာဉ် ၂ စီးကို မိတ်ဆွေ တောင်ကိုရီးယား နိုင်ငံရဲ့ ဝေဟင်မှာ အနိမ့်ပျံသန်း ပြခဲ့ပါတယ်။

အသံထက် မြန်တဲ့ ဘီ-၁ ဘီ ဗုံးကြဲ လေယာဉ် နှစ်စီးဟာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စည်းနဲ့ ၄၈ မိုင်လောက်သာ ဝေးတဲ့ အိုစန် တောင်ကိုရီးယား လေတပ် စခန်း အထက်မှာ အနိမ့် ပျံသန်း ခဲ့တာပါ။

အဲဒီ ဘီ-၁ ဘီ လေယာဉ်တွေဟာ နျူကလီယာ ထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ နျူကလီယာ ဗုံးတွေ သယ်ဆောင်နိုင်ပြီး မြေအောက်က ဘန်ကာ တွေကိုပါ ဖျက်ဆီး နိုင်စွမ်း ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားရဲ့ နျူကလီယာ စမ်းသပ် ဖောက်ခွဲမှုဟာ သူတို့ လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအနက် အင်အား အပြင်းဆုံး ဖြစ်တယ်လို့ ယူဆ ရပါတယ်။

အဲဒီ နျူစမ်းသပ်မှု အပြီးမှာ အမေရိကန်က ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ မြောက်ကိုရီးယားကို သတိပေး ခဲ့ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပေါ်ပေါက်တဲ့ အချိန်တိုင်းမှာ အခုလို အင်အားပြ ပျံသန်းမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ