ဘရာဇီး သမ္မတဟောင်း ဇနီးမောင်နှံ ငွေကြေး မသမာမှုတွေနဲ့ တရားစွဲ ခံရပြီ

_lula_da_silva
Image caption လူလာဟာ ဘရာဇီး နိုင်ငံတွင်း ငွေကြေး မသမာမှု အပေါင်းရဲ့ အဓိက လက်သည်ပဲ ဆိုပြီး ဗဟို အစိုးရ ရှေ့နေ အဖွဲ့က စွပ်စွဲ။

ဘရာဇီး နိုင်ငံမှာ သမ္မတဟောင်း လူးဝိဇ် အင်နာချို လူလာ ဒါဆေးလ်ဗား ကို ဇနီးသည် ဖြစ်သူ နဲ့ အတူ အကျင့်ပျက် ခြစားမှု၊ ငွေကြေး ခဝါ ချမှု တွေနဲ့ ပုဒ်မတပ် တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။

လူလာဟာ ဘရာဇီး နိုင်ငံတွင်း ငွေကြေး မသမာမှု အပေါင်းရဲ့ အဓိက လက်သည်ပဲ ဆိုပြီး ဗဟို အစိုးရ ရှေ့နေ အဖွဲ့က စွပ်စွဲ နေပါတယ်။

ဒါ့အပြင် နိုင်ငံပိုင် ပင်ထရိုဘရတ်စ် ရေနံ ကုမ္ပဏီ ကြီးနဲ့ ပတ်သက် နေတဲ့ ငွေကြေး အရှုပ်အရှင်း တွေ ထဲ မှာလည်း လူလာ ပါဝင် ပတ်သက် နေတယ်လို့ လည်း အစိုးရ ရှေ့နေ တွေက ယူဆ ထားကြ ပါတယ်။

ဒါပေမယ့် သမ္မတဟောင်း လူလာ ရဲ့ ရှေ့နေ အဖွဲ့ကတော့ အခု စွဲချက် တွေ ဟာ ဘာမှ အခြေအမြစ် မရှိဘူး ဆိုပြီး တုံ့ပြန် ထားပါတယ်။

အခု လာမယ့် ရက်တွေမှာ တရားသူကြီး တစ်ဦးဦးက အစိုးရ ရှေ့နေတွေ စွဲဆို ထားချက် တွေ ကို လက်ခံ မလား ဆိုတာ ဆုံးဖြတ် ရမှာ ဖြစ်ပြီး၊ တရားသူကြီး က လက်ခံ ပါမှ လူလာ အပေါ် စွဲဆိုမှု ဟာ ရှေ့ဆက် နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ