အီးယူ စစ်ဌာနချုပ် ထားရှိဖို့ အီးယူဥက္ကဋ္ဌ ပြော

ဓာတ်ပုံ မူပိုင် AP

ဥရောပ သမဂ္ဂ အီးယူ အနေနဲ့ တစ်ခုတည်းသော စစ်တပ်ကို ဖွဲ့စည်း ထားရှိဖို့အတွက် စစ်ဌာနချုပ် တစ်ခု ထားဖို့ လိုအပ်တယ်လို့ အီးယူ ဥက္ကဋ္ဌက စထရာစ်ဘော့ဂ် မြို့မှာ အီးယူ ပါလီမန် အမတ်တွေကို ပြောပါတယ်။

အမြဲတမ်း အဖွဲ့အစည်း တစ်ရပ် မရှိတဲ့အတွက် အီးယူရဲ့ လုပ်ငန်း အစီအစဉ်တွေမှာ ငွေတွေ ဆုံးရှုံးနေရတယ်လို့ အီးယူ ဥက္ကဋ္ဌ မစ္စတာ ယန် ကလော့ဒ် ယွန်ကာ က ပြောပါတယ်။

သူ့ရဲ့ နှစ်လည် မိန့်ခွန်းမှာ ယူကေ နိုင်ငံက အီးယူထဲကနေ ထွက်ဖို့ မဲပေး ဆုံးဖြတ်ခဲ့တဲ့ ကိစ္စကိုလည်း အလေးထား ပြောသွားပါတယ်။

အီးယူအဖွဲ့ ပြိုကွဲနိုင်တဲ့ အန္တရာယ် ရှိမနေပါဘူး လို့လည်း သူက ထပ်ပြော ခဲ့ပါတယ်။ ဗြိတိန် ထွက်မယ့် ကိစ္စနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေ အမြန်ဆုံး လုပ်ကြဖို့လည်း သူက တိုက်တွန်း ပါတယ်။

ဗြိတိန်ဟာ နေတိုး စစ်မဟာမိတ် အဖွဲ့နဲ့ အကျိုးစီးပွား ကွဲလွဲမှုတွေ ရှိနိုင်တဲ့အတွက် အခုလို အီးယူထဲကနေ ဗြိတိန် ထွက်သွားမယ့် ကိစ္စက အီးယူအတွက် ပိုတောင့်တင်းတဲ့ ကာကွယ်ရေး ဆိုင်ရာ အစီအစဉ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ တွန်းအား ဖြစ်စေတယ် လို့လည်း သူက ပြောပါတယ်။

ဥရောပ သမဂ္ဂက ဖွဲ့စည်းမယ့် စစ်တပ်ဟာ နေတိုး အဖွဲ့နဲ့လည်း သဟဇာတ ဖြစ်ရမယ်လို့ မစ္စတာ ယွန်ကာ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ