ပါကစ္စတန် ဗလီတစ်ခုမှာ အသေခံဗုံးခွဲ ၂၃ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Google

ပါကစ္စတန် အနောက်မြောက်ပိုင်း၊ ကျေးရွာတစ်ရွာက ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲသမား တစ်ယောက်က တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၃ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရသွားပါတယ်။

သောကြာနေ့မှာ လူတွေ ဗလီကို လာပြီး ဝတ်ပြုနေစဉ် အခုလို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွားတဲ့ ဗလီက အာဖဂန် နစ္စတန်နဲ့ နယ်စပ် အနီး၊ မိုမန် ခရိုင်ထဲက ကျေးရွာ တစ်ရွာမှာ ရှိတာပါ။

ဒဏ်ရာရသူ အများစုကလည်း အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်မှုက ဘယ်အုပ်စုရဲ့ လက်ချက်လဲ ဆိုတာ ချက်ချင်း မသိရသေးပါဘူး။

အရင်ကတော့ အခုလို ဗုံးခွဲ တိုက်ခိုက်မှုမျိုးတွေကို ပါကစ္စတန်က တာလီဘန်အဖွဲ့က လုပ်လေ့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ