အိန္ဒိယ ကက်ရှ်မီးယားမှာ ညမထွက်ရအမိန့်ထုတ်

ဆရီနဂါမြို့မှာ ကျောင်းသားတစ်ဦး လုံခြုံရေးရဲ့ သေနတ်ကျည်ဆံဒဏ်ရာတွေနဲ့ သေဆုံးပြီးနောက် အဲဒီဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
Image caption လုံခြုံရေးအတင်းကျပ်ဆုံး ချထား

အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ဆရီနဂါမြို့မှာ ကျောင်းသားတစ်ဦး လုံခြုံရေးရဲ့ သေနတ်ကျည်ဆံဒဏ်ရာတွေနဲ့ သေဆုံးပြီးနောက် အဲဒီဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

လုံခြုံရေးတပ်တွေက ခွဲထွက်ရေးဆန္ဒပြသူတွေကို လူသေစေနိုင်တဲ့ ကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ အဲဒီလို ပစ်မှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့ပါတယ်။

သေဆုံးသူ ဆယ်ကျော်သက် ကျောင်းသားရဲ့ ဇျာပနကို လာရောက်တဲ့ ထောင်နဲ့ချီတဲ့ လူတွေကိုလည်း ရဲက မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲခဲ့ပါတယ်။

အာဏာပိုင်တွေက အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ပိတ်ထားပါတယ်။

ဇူလိုင်ကစလို့ အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း အခုတကြိမ်မှာ အစိုးရဘက်က အတင်းကျပ်ဆုံး ကိုင်တွယ်လာတာလည်း ဖြစ်ပါတယ်။