ဘာလင် ရွေးကောက်ပွဲ၊ မာ့ကဲလ်ရဲ့ ပါတီ ရှုံးနိမ့်

ဓာတ်ပုံ မူပိုင် EPA
Image caption လာမယ့်နှစ် နိုင်ငံအဆင့် ရွေးကောက်ပွဲတွေ အတွက် AfD ပါတီက ခိုင်မာတဲ့ အနေအထားကို ရရှိလာ။

ဂျာမနီ နိုင်ငံမှာ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်ရဲ့ CDU ပါတီက ဘာလင် ပြည်နယ် ရွေးကောက်ပွဲတွေမှာ စံချိန်တင် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

CDU ပါတီက မဲရလဒ် ၁၇.၆ ရာခိုင်နှုန်းသာ ရခဲ့တဲ့အတွက် ကြုံခဲ့ဖူးသမျှ ဘာလင် ပြည်နယ် မဲရလဒ်တွေ ထဲမှာ အဆိုးဆုံး ဖြစ်ပါတယ်။

ဒါကြောင့် ဘာလင် ပြည်နယ်ရဲ့ ညွန့်ပေါင်း အုပ်ချုပ်ရေး အဖွဲ့ထဲကနေ CDU ပါတီ ထွက်သွား ရတော့မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဆန့်ကျင်တဲ့ လက်ယာစွန်း ပါတီ AfD ကတော့ မဲရလဒ် ၁၄ ရာခိုင်နှုန်းနဲ့ ပြည်နယ် ပါလီမန်ထဲကို ပထမဆုံးအကြိမ် ဝင်ရောက် လာနိုင်ပါပြီ။

မစ္စက် မာ့ကဲလ်ရဲ့ ရေပန်းစားမှုဟာ ပြီးခဲ့တဲ့ နှစ်က ရွှေ့ပြောင်း ဝင်ရောက်သူ တစ်သန်းကျော်ကို ဂျာမနီက လက်ခံဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ လျော့ကျလာတာ ဖြစ်ပါတယ်။

အခုလို သူ့ပါတီရဲ့ ဆိုးရွားတဲ့ မဲရလဒ်က အခု လထဲမှာ ဒုတိယမြောက် ဖြစ်ပါတယ်။ Mecklenburg-Western Pomerania ပြည်နယ်မှာ CDU ပါတီက AfD နောက်ကနေ တတိယသာ ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ